Try again on Mandriva

April 11, 2010

လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူငယ်ချင်းတစ်ယောက်ရဲ့ Laptop မှာ Mandriva Linux သုံးတာတွေ့တုန်းက တော်တော်ထူးခြားတဲ့ Desktop OS ပါလားလို့ စိတ်ထဲကတောင် အမှတ်တွေပေးခဲ့တယ်။ အဲဒီအချိန်မတိုင်ခင်တုန်းက ကိုယ်က ၀င်းဒိုးစ်လောက်ပဲသုံးဖူးတာကိုး။ အဲဒီသူငယ်ချင်းကနေ Mandriva Linux CD ကိုကူးလာခဲ့ပါသေးတယ်။ အိမ်ကစက်မှာသွင်းမလို့။ သွင်းကြည့်ခဲ့ပါသေးတယ် အဲဒီတုန်းက ကိုယ်ကလင်းနက်စ်ကို သိပ်လဲမသုံးတက်သေး packages တွေလဲ မသွင်းတက်သေးဆိုတော့ ပြန်ချထားခဲ့တယ်။ နောက်တော့ Fedora ကိုသုံးဖြစ်ခဲ့တယ်။ ပြီးတော့ Debian|Ubuntu ကပိုပြီးလွယ်တယ်ဆိုပြီးဆက်သုံးလာခဲ့တာ Mandriva Linux ကိုပြန်စမ်းဖို့တောင် မေ့နေခဲ့တယ်။
ခုတော့ ပျင်းတာနဲ့ Linux sites တွေလျှောက်သွားပြီး ဘာအသစ်လေးများရှိလဲလျှောက်ကြည့်ရင်း Mandriva 2010 ကိုတွေ့တော့ဆွဲချပြီး ပြန်စမ်းတယ်။
ကျနော်ပျင်းရင် အဲလိုပဲလင်းနက်စ်ဆိုဒ်တွေလျှောက်သွားပြီး အသစ်တွေ့ရင်စမ်းတော့တာပဲ (အားနေတာလေ) :P
မန်ဒရီဗာကိုသွင်းရတာတော်တော်လေးအဆင်ပြေတယ်။ သွင်းပြီးတော့ ကျနော့်ရဲ့ burma-keyboard-tk package နဲ့ဖွန့်သွင်းတာလဲတော်တော် အဆင်ပြေတယ်။ သူများတွေတော့ စမ်းပြီးပြီးလားတော့မသိဘူး၊ burma-keyboard-tk GUI ကို ဒီ KDE Desktop မှာ ဘာမှအရင်သွင်းစရာမလိုပဲတန်း run လို့ရတယ်။ ကျနော်က ‘ဟ, တယ်ဟုတ်ပါလား’ လို့တောင် စိတ်ထဲကဖြစ်သွားသေးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီ GUI ကို Fedora မှာ run ချင်ရင် ‘yum install tkinter‘ ကိုအရင်သွင်းပေးရသလို Ubuntu မှာလဲ ‘apt-get install python-tk‘ ကို run ပေးရတာကိုး၊ Mandriva မှာတော့ ဘာမှသွင်းပေးစရာမလိုဘူးလေ။
နောက်တစ်ခုက KDE Desktop မှာ မြန်မာစာရေးလို့အဆင်မပြေဘူးလို့ထင်ခဲ့တာ ခုတော့ အဆင်ပြေတာတွေတွေ့တယ်။ အောက်မှာ ပုံလေးတွေပါ။

Run burma-keyboard-tk GUI from kconsole

Starting burma-keyboard-tk v0.1.1

Installing zawgyi font and keyboard successfully

log file viewing

configure Your Desktop Window

Keyboard Layout setting

Keyboard Layout Advance Tab

Writing text on Kwrite with zawgyi 2009

Enjoy and Have fun!

ဒီခေတ်က လက်ကိုင်ဖုန်းခေတ်လို့ပြောနိုင်ပါတယ်။ လူအယောက်တိုင်းလိုလိုမှာ လက်ကိုင်ဖုန်းကိုယ်စီ ရှိကြပါတယ်။ လက်ကိုင်ဖုန်းတွေက အရင်ခေတ်ကာလများကကဲ့သို့မဟုတ်သောပဲ ပိုပြီးစွမ်းဆောင်ရည်ရှိလာတဲ့အပြင် အိမ်တွင်ရှိသော စားပွဲတင်ကွန်ပြူတာကဲ့သို့ပင် စွမ်းဆောင်လာနိုင်လာပါတယ်။ အရင်က လက်ကိုင်ဖုန်းများကို ခေါ်ယူဆက်သွယ်မှု၊ စာတိုပေးပို့မှုနဲ့ ပြက္ခဒိန် နှိုးစက်အစရှိသော အော်ကနိုက်ဇာပရိုဂရမ်ငယ်အသုံးပြုမှု အတွက်သာသုံးဆောင်ခဲ့ကြသော်လည်း၊ ယနေ့ခေတ်တွင် ခေါ်ယူဆက်သွယ်မှု စာတိုပေးပို့မှုများသာမက အီးမေးလ်ပို့ဆောင်မှု၊ လမ်းပြမြေပုံအသုံးပြုမှု၊ အင်တာနက်စာမျက်နှာဖတ်ရှမှု၊ ရေဒီယိုနှင့် သီချင်းဖိုင်နားဆင်မှု၊ ရုပ်သံဖိုင်ကြည့်မှု၊ ဂိမ်းကစားမှု၊ လူမှုရေးအင်တာနက်ဆိုဒ်များအသုံးပြုမှု အစရှိသဖြင့် နေ့တာဓူဝ လူမှုဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးလုပ်ငန်းဆောင်တာမှန်သမျှ အမျိုးမျိုးကို လုပ်ဆောင်နိုင်ရန် အသုံးပြုလာကြပြီဖြစ်ပါတယ်။ လက်ကိုင်ဖုန်းထုတ်လုပ်တဲ့ ကုပ္မဏီကြီးများကလဲ (ဥပမာ Nokia) သူတို့ရဲ့ပစ္စည်းအသုံးပြူသူများအတွက် အမျိုးမျိုးသော ၀န်ဆောင်မှုများပေးတဲ့အပြင် အသုံးပြုသူစိတ်ကြိုက် ပရိုဂရမ်များတီထွင်ဖန်တီးထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာလက်ကိုင်ဖုန်း software platforms အလိုက် OS, SDK, APIs အစရှိသော software development kits များကို အင်တာနက်ပေါ်တွင်ထားရှိခြင်းအားဖြင့် ၄င်းတို့ကိုအလိုရှိသော အသုံးပြုသူ ပရိုဂရမ်မာများ ဒဗလုပ်ပါများအား အကျိုးဖြစ်ထွန်းစေပါတယ်။

လက်ကိုင်ဖုန်းသုံးပြုသူများထဲတွင် မိမိလိုအပ်ချက်နဲ့ကိုက်ညီအောင် ကိုယ်ပိုင်ပရိုဂရမ်ရေးသားသူများ ရှိသလို မိမိ၏ါသနာအရကိုယ်ပိုင်ပရိုဂရမ်ရေးသားချင်သူများလဲရှိပါတယ်။ တချို့ကတော့ ကိုယ့်ကုမ္ပဏီရဲ့ပရောဂျက်ဖြစ်သမို့ မဖြစ်မနေ အပရီကေးရှင်းများ ဒပလုပ်လုပ်ရသူများလဲရှိပါတယ်။ အကယ်လို့ ဝါသနာအလျှောက် သို့မဟုတ် ကိုယ့်ရဲ့ကိုယ်ပိုင်သီးသန့်လိုအပ်ချက်အတွက် ကိုယ့်လက်ကိုင်ဖုန်းအတွက် အပရီကေးရှင်းလေးရေးချင်တယ်၊ နောက်ပြီး ကိုယ့်ရဲ့လက်ကိုင်ဖုန်းက Nokia ကုမ္ပဏီထုတ်ဖြစ်ပြီး အဲဒီဖုန်းရဲ့ OS က Symbian ဖြစ်ပြီး S60 platform ဆိုရင်တော့ SDK ကို ဒီအင်တာနက်စာမျက်နှာမှာ သွားရောက်ရယူနိုင်ပါတယ်။ Nokia Forum ကနေ download ရယူလျှင် ဖိုရမ်မှာ Register account တစ်ခုလုပ်ဖို့လိုအပ်ပါတယ်။ ဒီ Symbian Platform မှာ အပရီကေးရှင်းတွေကို C++, Java တို့နဲ့ develop လုပ်နိုင်သလို ခင်ဗျားရဲ့ favorite language ဖြစ်တဲ့ Python နဲ့လဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ Python ပရိုဂရမ်မာများအတွက် PyS60 ရှိပါတယ်။ Python Quick Start စာမျက်နှာနဲ့ PyS60 download ရယူဖို့အတွက်စာမျက်နှာပါ။ စိတ်ဝင်စားပါက Nokia E-Learning စာမျက်နှာမှာ Symbian S60 အကြောင်းနဲ့ Python for S60 eLearning basic တွေကိုရှာယူလေ့လာနိုင်ပါတယ်။ အဲဒီမှာစိတ်ဝင်စားစရာလေ့လာဖို့ကောင်းတဲ့အခြားအရာများကိုလဲ လေ့လာနိုင်ပါတယ်။ အကယ်လို့ ကိုယ့်ရဲ့ Nokia လက်ကိုင်ဖုန်းက ဘယ် platform မှာလဲမသိရင် ဒီ devices စာမျက်နှာမှာကြည့်နိုင်ပါတယ်။

S60 3rd Edition SDK emulator on my PC.

S60 3rd Edition SDK Emulator

PyS60 Application Packager for My Python Applications

PyS60 Application Packager

Install python runtime and python shell to Nokia E71-1

Install python to Phone

ဒီလေးတွေ setup လုပ်ပြီးတာနဲ့ ပိုင်သွန်ပရိုဂရမ်ငယ်လေးတွေ ကျနော့်လက်ကိုင်ဖုန်းအတွက် ရေးလို့ရပါပြီး။ ကိုယ်ပိုင်ပရိုဂရမ်လေးတွေရေးသားပြီး ပျော်ရွှင်ကြပါစေ။

Enjoy! Have fun!!

ကျနော် ဒီညနေပျင်းနေတာနဲ့ ubuntu.com ကို၀င်ကြည့်လိုက်တယ်၊ download ubuntu 10.4 beta 1 ကိုတွေ့တာတယ်။ ပျင်းနေတာနဲ့အတော်ပဲဆိုပြီး ရှိနေတဲ့ ubuntu 9.10 ကနေ ubuntu 10.4 LTS beta ကို upgrade လုပ်လိုက်တယ်။ ubuntu 10.4 က အရင် release တွေထက်သိသိသာသာပိုမြန်လာတယ်။
နောက်ပြီး Yahoo! search engine က Firefox မှာ default engine အနေနဲ့ပါလာတယ်။ Yahoo! search engine လဲတော်တော်လေးလန်းပါတယ်။

Yahoo! search engine

နောက်ပြီး GNOME panel ကိုလဲ တော်တော်လေးလန်းတယ်။ ကီးဘုတ် အင်ဒီကေတာကလဲ panel ထဲမှာ သပ်သပ်ရပ်ရပ်လေးပါ။

Keyboard Indicator in Panel

ကျန်တဲ့ new features တွေလဲ အများကြီးပါနေမှာပါ။

Enjoy!

To my blog readers..

March 14, 2010

ကျနော် ခု ဒီ box02blog.wordpress.com ဘလော့မှာ မြန်မာ၃နဲ့ရော ဇော်ဂျီနဲ့ပါရေးထားတဲ့အတွက် စာဖတ်သူများအတွက် အနှောက်အယှက်ဖြစ်ရရင် ကျနော်စိတ်မကောင်းပါဘူး။ ဒီဘလော့မှာ ကျန်ခဲ့တဲ့ ဇော်ဂျီနဲ့ရေးထားတဲ့ posts တွေကိုလဲ မြန်မာ၃ကို မပြောင်းတော့ပဲ ဒီအတိုင်းထားပြီး ကျနော် မြန်မာ၃နဲ့ ဆက်ရေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒီဘလော့က မြန်မာ၃ဖွန့်ကိုလဲ ကိုစေတန်ရဲ့ Unicode5.1 to Zawgyi UserScript အသုံပြုပြီး ဖတ်ရှုနိုင်ပါတယ်။ ကျနော်ကတော့ သူငယ်ချင်းများ ဇော်ဂျီနဲ့ရေးသားထားတဲ့ ဘလော့ကို ကိုစိုးမင်းရဲ့ Zawgyi to Unicode5.1 UserScript အသုံပြုပြီး ဖတ်မှာဖြစ်ပါတယ်။

ကျနော့်ရဲ့ အခြားဘလော့တစ်ခုဖြစ်တဲ့ box02blog.blogspot.com or box02.my-mm.org မှာ ဘလော့တစ်ခုလုံးကို ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းထားပါတယ်။ အဲဒီဘလော့မှာ zawgyi-unicode5.1 javascript လေးထည့်ထားတဲ့အတွက် စာဖတ်သူများအနေဖြင့် ကျနော် မြန်မာ၃နဲ့ဆက်လက်ရေးသော်လည်း ဇော်ဂျီဖွန့်သို့ ပြောင်းလဲဖတ်ရှုနိုင်ပါတယ်။ အခြားသောဘလော့များမှာနည်းတူ ဘလော့ရဲ့ခေါင်းစီးပိုင်းနားလေးမှာ Zawgyi ဒါမှမဟုတ် Unicode5.1 သို့ပြောင်းကြည့်တဲ့ OptionBox လေးကိုတွေ့ရမှာပါ။

To change Zawgyi or Unicode5.1

စာဖတ်သူရဲ့ Firefox browser မှာ Greasemonkey ကို Turn On လုပ်ထားရင် ဒီ OptionsBox လေးကို မြင်ရမှာ မဟုတ်ပါဘူး။ Turn off လုပ်ပြီး Refresh လုပ်လိုက်ရင် ပေါ်လာမှာပါ။ အဲဒီအခါမှာ Zawgyi ဖွန့်သို့ ပြောင်းလဲဖတ်နိုင်ပါတယ်။

ကျနော့်ရဲ့နောက်ထပ် ဘလော့အဟာင်းတစ်ခုဖြစ်တဲ့ box02.blogspot.com မှာ post အသစ်ဆက်လက်ရေးသားခြင်း ခေတ္တရပ်ထားပါတယ်။

ဒီလိုပြောင်းလဲရေးသားခြင်းဟာ ကျနော်ရဲ့ personal choice မျှသာဖြင့်ပြီး ဇော်ဂျီအသုံပြုသူများနဲ့ ယူနီကုတ်၅.၁ ကွန်ပတီဘယ်ဖွန့်အသုံးပြုသူအကြား ခွဲခြားခြင်းမဟုတ်သလို ဘယ်အုပ်စုဘက်မှလဲနေခြင်းမဟုတ်ပါ။
ကျနော်ဟာ သာမာန်ဘလော့ရေးသားသူ အသုံပြုသူ average user တစ်ယောက်သာဖြစ်ပါတယ်။

စာဖတ်သူများအား လေးစားလျှက်
ဘောက်တူး

ဇော်ဂျီဖွန့်သုံးရာကနေ မြန်မာ၃ ကို စပြောင်းသုံးရာမှာ အခက်အခဲလေးတွေရင်ဆိုင်ရတယ်။ သူများဇော်ဂျီနဲ့ရေးထားတာကို မမြင်ရတဲ့ပြဿနာ၊ လင်းနက်မှာ မြန်မာ၃ ရိုက်မကြွမ်းသေးတဲ့ပြဿနာ၊ ဇော်ဂျီဖွန့်နဲ့ မြန်မာ၃ အတူတကွထားလို့မဖြစ်တဲ့ပြဿနာ၊ ထားလို့ရပြန်သော်လည်း ဇော်ဂျီဖွန့်ကိုလုံးဝ မမြင်တော့တဲ့ပြဿနာတွေပါ။

လက်တလောဖြေရှင်းနိုင်တာတွေက
++++++++++++++

၁) မြန်မာ၃လက်ကွက်မကျွမ်းတာက ကိစ္စမဟုတ်လောက်တော့ပါ (ရေးပါများရင်)

၂) မြန်မာ၃ နဲ့ ဇော်ဂျီ နှစ်ခုတူတူထားချင်ရင်လဲ .fonts.conf လေးရေးထားပြီး $HOME dir အောက်မှာထားရုံပါ။ (ညီသူရ ကျေးဇူး)

၃) သူများရေးထားတဲ့ဇော်ဂျီဖွန့်ကိုကြည့်ဖို့ရာလဲ Zawgyi to Unicode 5.1 UserScript လေးရှိပြီးသားပါ။ ( ကိုစိုးမင်း ကျေးဇူး)

၄) ကျနော်ရေးထားတာ မမြင်ဘူးဆိုလဲ ကိုစေတန်ရဲ့ Unicode 5.1 to Zawgyi UserScript ကိုအသုံပြုပြီး ကြည့်နိုင်ပါတယ်။ (ကိုစေတန် ကျေးဇူး)

၅) Facebook friends တွေနဲ့လဲ English conversation နဲ့ communicate လုပ်လို့ရပါသေးတယ်။

လောလောဆယ် testing ကာလမှာ မြန်မာ၃ နဲ့ Ubuntu မှာ အိုကေနေပါတယ်။

Test writting in mm3

March 11, 2010

ကျနော်မြန်မာ၃ကို ကောင်းကောင်းမသုံးဖူးပါဘူး။ သွင်းကြည့်တာလောက်နဲ့ပဲရပ်ရပ်သွားခဲ့တယ်။
ခု ကျနော်ရိုက်တာ မြန်မာ၃ နဲ့ပါ။ လက်ကွက်ကအကျင့်မရသေးတော့နည်းနည်းလေးနေတယ်။
အလေ့အကျင့်လုပ်ပေးရအုံးမယ်။

Burma-keyboard-Tk v0.1.1

March 10, 2010

Burma-keyboard-Tk package new release v0.1.1 မှာ burma-keyboard-nogui ကိုလဲထည့်လိုက်ပါတယ်။ အချို့က GUI နဲ့ လန်းလန်းဆန်းဆန်း သုံးချင်ကြသလို အချို့မှာ TclTk package ကို install လုပ်ဖို့ရာအခက်အခဲရှိကြမှာပါ။ တခါတလေ အရမ်းလောနေတဲ့အခါမျိုးမှာ တခါတည်းပဲ install လုပ်လိုက်ချင်သူများအတွက် အဆင်ပြေအောင် -nogui ကိုပါထည့်လိုက်ခြင်းဖြစ်ပါတယ်။ အသုံးပြုဖို့ရာ အရင်အတိုင်းပဲ package extract လုပ်ပြီး source folder ထဲဝင်တဲ့အထိအတူတူပါပဲ။ ဥပမာ ကိုယ် download လုပ်ထားတဲ့ package က Desktop ပော်မှာရှိတယ်ဆိုရင် ..

$ cd ~/Desktop
$ tar xzf burma-keyboard-tk-0.1.1.tar.gz
$ cd burma-keyboard-tk

GUI နဲ့ run သူများအတွက်တော့
$ sudo python burma-keyboard-tk.py

GUI မပါပဲ command line နဲ့အသုံးပြုများအတွက်ကတော့
$ sudo python burma-keyboard-nogui.py

ပြီးရင်လိုချင်တဲ့ font ရွေး၊ y ကိုနှိပ်။
ပြီးရင် install လုပ်ချင်ရင် i ကိုနှိပ်ပေး။ remove လုပ်ချင်ရင် r ကိုနှိပ်ပေးပါ။
အောက်မှာ screenshots လေးတွေကိုပါ။

Extract and Run

Choose a font and confirm

Installing

ဒီ screenshots ထဲကအရာတွေအားလုံးဟာ zawgyi-keyboard packages အသုံးပြုသူများနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။ GUI နဲ့ CLI ကိုလိုအပ်သလိုသုံးနိုင်ကြပါတယ်။
မကြာမီ PyGTK နဲ့ ထွက်လာတဲ့အခါ အားလုံး တပြေးညီ GUI နဲ့ သုံးနိုင်ကြသလို CLI နဲ့အသုံးပြုချင်သေးသူများအတွက်လဲ အဆင်ပြေစေမှာဖြစ်ပါတယ်။

Download: burma-keyboard-tk-0.1.1.tar.gz

More info: README

Enjoy playing with it!

FreeBSD ပှောမှာ Testing လုပ်တဲ့ screenshots လေးတွေပာ။

Platform: FreeBSD 8
Desktop: Gnome 2.26
Python: 2.6

Run from shell

start running on FreeBSD

Remove the previous installed package

New Installation

Logs section

About Dialog

View Changelog

Enjoy!

ကျနော် ခုလေးပဲ Burma-Keyboard-Tk package version 0.1.0 initial release ကို github repo ပော်တင်လိုက်ပါပြီး၊ zawgyi-keybaord project မှာလဲ ဒီ post ရေးပြီးရင်တင်လိုက်ပါမယ်။
ဒီ GUI program ကို Tkinter library ပော်မှာအခြေခံပြီးရေးထားတာဖြစ်ပါတယ်။ Tkinter က Python ရဲ့ Standard GUI Library ဖြစ်တာမို့ Python နဲ့အတူပါလာတက်ပါတယ်။ တချို့ Linux Distro တွေမှာပါချင်မှ ပါတက်ပါတယ်။ Ubuntu မှာတော့ Tkinter ပါလာပြီးသားပါ။
သို့သော်လည့်ပဲ Tkinter က Tcl/Tk နဲ့လဲပတ်သက်နေတော့ Tcl/Tk လိုပါတယ်။ အဲဒီအတွက် Ubuntu နဲ့ Debian မှာဆိုရင် python-tk ကို install လုပ်ပေးရမှာဖြစ်တယ်။ Ubuntu အပြင်အခြား Distro သုံးသူများကတော့ ဘယ်လိုသွင်းရမလဲဆိုတာ သိနေပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
အကယ်၍ Tcl/Tk သွင်းရတာအဆင်မပြေဘူးဆိုရင် Python IDLE ကို package manager ကနေသွင်းပါ။ IDLE ကလဲ Tkinter နဲ့ရေးထားတဲ့ program မို့ သူလဲ Tcl/Tk ကိုလိုအပ်ပါတယ်။ အဲဒါကြောင့် သူ့ကိုသွင်းရင် အဆင်ပြေပါပြီ။

ပထမအနေနဲ့
$ sudo apt-get install python-tk

ဒါမှမဟုတ် idle ကိုသွင်းလဲရတယ်
$ sudo apt-get install idle

ပြီးရင် burma-keyboard-tk ကို run လို့ရပါပြီ။ မ run ခင် အရင်ဆုံး package ကို extract လုပ်။ ပြီးရင် သူ့ရဲ့ source folder ထဲဝင်ပါ။

$ tar xzf burma-keyboard-tk-0.1.0.tar.gz
$ cd burma-keyboard-tk

ပြီးရင် burma-keyboard-tk.py ဆိုတဲ့ ဖိုင်ကို sudo python ခံပြီး run ပေးပါ။

$ sudo python burma-keyboard-tk.py

Extracting and Starting program

အဲဒါဆို program ကစတင် run ပြီး install စတာတွေလုပ်ဖို့ ready အနေအထားဖြစ်နေမှာပါ။

Main User Interfaces

ပြီးရင် font တစ်ကိုရွေးပြီး Confirm button ကိုနှိပ်ပေးပါ။ Confirm လုပ်ပေးပြီးတာနဲ့ source status မှာ ကိုယ်သွင်းချင်တဲ့ font နဲ့ xkb file ကိုတွေ့မှာပါ။

Choosing a font and confirm

After confirming, font defined

Install လုပ်ဖို့အတွက် Command buttons တွေထဲက Install button ကိုနှိပ်လိုက်ပါ။

Install from Command buttons

Installation finished

ဒါဆိုရင် installation ပြီးပါပြီ။ ကျန်တဲ့ logs, Vew log, Layout Help, About buttons တို့ကို နှိပ်ကြည့်ပြီး program ကိုလေ့လာနိုင်ပါတယ်။ About button ကိုနှိပ်ရင် အောက်က About Dialog Window ငယ်လေးပော်မှာပါ။ အဲဒီထဲက ကြည့်ချင်တာတွေကြည့်နိုင်ပါတယ်။

About Dialog

ဥပမာအဲဒီအထဲက Copyright button ကိုနှိပ်ကြည့်မယ်ဆိုရင် copyright နဲ့ပတ်တဲ့အကြောင်းအရာတွေတွေ့မှာပါ။

Copyright

ဒီ program ငယ်ကို အသုံးဝင်မယ် အသုံးပြုရလွယ်မယ်လို့မျှော်လင့်ပြီး ရေးလိုက်တာပါ။ အဆင်မပြေတာရှိရင်လဲပြောပါ။ ကျနော်က Tkinter နဲ့ရေးထားပေမယ့်လဲ တခြား GUI Toolkits ကို port လုပ်ချင်ရင်လဲ လုပ်နိုင်ပါတယ်။ ညီ Trh ကတော့ PyGTK ကို porting လုပ်ပေးဖို့ စိတ်ဝင်စားမယ်ထင်ပါတယ်။ :-)

ကျနော် github repo မှာတင်ထားပေးပါတယ်။ github အကောင့်ရှိသူများ fork လိုက fork နိုင်ပါတယ်။ Users မှအတွက် အဆင်ပြေအောင် အကြံပေးနိုင်ပါတယ်။ အမှားတွေပါနေရင်လဲ ပြောပါ။ ကျနော် ပြန် fix ပေးပါမယ်။

GitHub Repo: burma-keyboard-tk

Download: http://zawgyi-keyboard.googlecode.com/files/burma-keyboard-tk-0.1.0.tar.gz

Enjoy!

Program တစ်ခုတည်းနဲ့ zawgyi နဲ့ mm3 ကိုကြိုက်နှစ်သက်ရာ သွင်းလို့ရအောင်စိတ်ကူးကြည့်တယ်။ ကျန်တဲ့ padauk ပဲဖြစ်ဖြစ် အခြားဖွန့်ပဲဖြစ်ဖြစ် folder လေးဆောက်ပြီး ဖွန့်ရယ် mm ဖိုင်ရယ်ထည့်ပေးမယ်၊ လိုအပ်တဲ့ modify အနည်းငယ်လုပ်ရုံမျှနဲ့ မြန်မာဖွန့်အားလုံးကိုလဲ အတူတူ install လုပ်နိုင်မယ်ထင်ပါတယ်။ ဒီ Application နာမည်ကို ဘယ်လိုပေးရမလဲ မသိဘူးရယ်။ ခုတော့ ယာယီ Burma-Keyboard လို့တော့ပေးထားတယ်။ ဒီ GUI program ကို Python IDLE IDE သုံးတဲ့ Python Tkinter Library နဲ့ပဲအသုံးပြုထားတာပါ။ စိတ်ထဲမှာ အလွယ်ကူဆုံးထင်လို့ပါ။

Main User Interfaces

Choose a font and confirm

Demo Uninstallation

Demo Installation

Enjoy!

Follow

Get every new post delivered to your Inbox.