Test living without zawgyi font on Ubuntu
March 12, 2010
ဇော်ဂျီဖွန့်သုံးရာကနေ မြန်မာ၃ ကို စပြောင်းသုံးရာမှာ အခက်အခဲလေးတွေရင်ဆိုင်ရတယ်။ သူများဇော်ဂျီနဲ့ရေးထားတာကို မမြင်ရတဲ့ပြဿနာ၊ လင်းနက်မှာ မြန်မာ၃ ရိုက်မကြွမ်းသေးတဲ့ပြဿနာ၊ ဇော်ဂျီဖွန့်နဲ့ မြန်မာ၃ အတူတကွထားလို့မဖြစ်တဲ့ပြဿနာ၊ ထားလို့ရပြန်သော်လည်း ဇော်ဂျီဖွန့်ကိုလုံးဝ မမြင်တော့တဲ့ပြဿနာတွေပါ။
လက်တလောဖြေရှင်းနိုင်တာတွေက
++++++++++++++
၁) မြန်မာ၃လက်ကွက်မကျွမ်းတာက ကိစ္စမဟုတ်လောက်တော့ပါ (ရေးပါများရင်)
၂) မြန်မာ၃ နဲ့ ဇော်ဂျီ နှစ်ခုတူတူထားချင်ရင်လဲ .fonts.conf လေးရေးထားပြီး $HOME dir အောက်မှာထားရုံပါ။ (ညီသူရ ကျေးဇူး)
၃) သူများရေးထားတဲ့ဇော်ဂျီဖွန့်ကိုကြည့်ဖို့ရာလဲ Zawgyi to Unicode 5.1 UserScript လေးရှိပြီးသားပါ။ ( ကိုစိုးမင်း ကျေးဇူး)
၄) ကျနော်ရေးထားတာ မမြင်ဘူးဆိုလဲ ကိုစေတန်ရဲ့ Unicode 5.1 to Zawgyi UserScript ကိုအသုံပြုပြီး ကြည့်နိုင်ပါတယ်။ (ကိုစေတန် ကျေးဇူး)
၅) Facebook friends တွေနဲ့လဲ English conversation နဲ့ communicate လုပ်လို့ရပါသေးတယ်။
လောလောဆယ် testing ကာလမှာ မြန်မာ၃ နဲ့ Ubuntu မှာ အိုကေနေပါတယ်။




March 13, 2010 at 12:42 pm
ကိုစိုးမင်း script ကို ကျနော် မသိဘူးဗျ။ မဆိုးဘူး။ ခုမှ စာဖတ်ရတာ အဆင်ပြေသွားတယ်။
March 13, 2010 at 2:05 pm
ဟုတ်တယ် ညီ .. ကျနော်လဲ အဆင်ပြေနေတာ အဲတီ ဟာနဲ့လေ။