To my blog readers..

March 14, 2010

ကျနော် ခု ဒီ box02blog.wordpress.com ဘလော့မှာ မြန်မာ၃နဲ့ရော ဇော်ဂျီနဲ့ပါရေးထားတဲ့အတွက် စာဖတ်သူများအတွက် အနှောက်အယှက်ဖြစ်ရရင် ကျနော်စိတ်မကောင်းပါဘူး။ ဒီဘလော့မှာ ကျန်ခဲ့တဲ့ ဇော်ဂျီနဲ့ရေးထားတဲ့ posts တွေကိုလဲ မြန်မာ၃ကို မပြောင်းတော့ပဲ ဒီအတိုင်းထားပြီး ကျနော် မြန်မာ၃နဲ့ ဆက်ရေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒီဘလော့က မြန်မာ၃ဖွန့်ကိုလဲ ကိုစေတန်ရဲ့ Unicode5.1 to Zawgyi UserScript အသုံပြုပြီး ဖတ်ရှုနိုင်ပါတယ်။ ကျနော်ကတော့ သူငယ်ချင်းများ ဇော်ဂျီနဲ့ရေးသားထားတဲ့ ဘလော့ကို ကိုစိုးမင်းရဲ့ Zawgyi to Unicode5.1 UserScript အသုံပြုပြီး ဖတ်မှာဖြစ်ပါတယ်။

ကျနော့်ရဲ့ အခြားဘလော့တစ်ခုဖြစ်တဲ့ box02blog.blogspot.com or box02.my-mm.org မှာ ဘလော့တစ်ခုလုံးကို ဇော်ဂျီကနေ မြန်မာ၃ ကိုပြောင်းထားပါတယ်။ အဲဒီဘလော့မှာ zawgyi-unicode5.1 javascript လေးထည့်ထားတဲ့အတွက် စာဖတ်သူများအနေဖြင့် ကျနော် မြန်မာ၃နဲ့ဆက်လက်ရေးသော်လည်း ဇော်ဂျီဖွန့်သို့ ပြောင်းလဲဖတ်ရှုနိုင်ပါတယ်။ အခြားသောဘလော့များမှာနည်းတူ ဘလော့ရဲ့ခေါင်းစီးပိုင်းနားလေးမှာ Zawgyi ဒါမှမဟုတ် Unicode5.1 သို့ပြောင်းကြည့်တဲ့ OptionBox လေးကိုတွေ့ရမှာပါ။

To change Zawgyi or Unicode5.1

စာဖတ်သူရဲ့ Firefox browser မှာ Greasemonkey ကို Turn On လုပ်ထားရင် ဒီ OptionsBox လေးကို မြင်ရမှာ မဟုတ်ပါဘူး။ Turn off လုပ်ပြီး Refresh လုပ်လိုက်ရင် ပေါ်လာမှာပါ။ အဲဒီအခါမှာ Zawgyi ဖွန့်သို့ ပြောင်းလဲဖတ်နိုင်ပါတယ်။

ကျနော့်ရဲ့နောက်ထပ် ဘလော့အဟာင်းတစ်ခုဖြစ်တဲ့ box02.blogspot.com မှာ post အသစ်ဆက်လက်ရေးသားခြင်း ခေတ္တရပ်ထားပါတယ်။

ဒီလိုပြောင်းလဲရေးသားခြင်းဟာ ကျနော်ရဲ့ personal choice မျှသာဖြင့်ပြီး ဇော်ဂျီအသုံပြုသူများနဲ့ ယူနီကုတ်၅.၁ ကွန်ပတီဘယ်ဖွန့်အသုံးပြုသူအကြား ခွဲခြားခြင်းမဟုတ်သလို ဘယ်အုပ်စုဘက်မှလဲနေခြင်းမဟုတ်ပါ။
ကျနော်ဟာ သာမာန်ဘလော့ရေးသားသူ အသုံပြုသူ average user တစ်ယောက်သာဖြစ်ပါတယ်။

စာဖတ်သူများအား လေးစားလျှက်
ဘောက်တူး

2 Responses to “To my blog readers..”


  1. ပြောင်းလိုက်ပြီလား အဖော်တစ်ယောက်တိုးလာပြီ :D ကိုယ့်ဘလော့ဆိုတာ ကိုယ့်ရဲ့သိမ်းထားတဲ့ Information တွေရှိတဲ့နေရာမဟုတ်လား ကိုယ်ပိုင်တဲ့ Information ကိုကိုယ်တိုင် စိတ်ကြိုက် Encoding နဲ့သိမ်းလို့ရတာပါပဲဗျာ ဘလော့ကိုလာတဲ့ စာဖတ်သူဆိုတာ Information ကိုဖတ်တာမဟုတ်လား သူတို့က ဇော်ဂျီနဲ့ရေးလို့ ယူနီကုဒ်နဲ့ရေးလို့ လာဖတ်နေတာမှ မဟုတ်တာပဲနော ဒါ့ကြောင့်ဘာနဲ့ရေးရေး Information ကိုဖတ်ချင်တဲ့လူဆိုရင် လာမှာပါပဲလေ။ ယူနီကုဒ်ဖောင့်မရှိလို့ မဖတ်ရမဖြစ်အောင် အဆင်ပြေအောင် On-the-fly Converter ပါတယ်ဆိုရင် အဆင်ပြေတာပဲ။ ကျွန်တော်ကတော့ IE အတွက် EOT ထည့်ပေးလိုက်တယ် Firefox 3.6 နောက်ပိုင်းအတွက် WOFF ထည့်ထားတယ် တစ်ခြားဟာတွေအတွက် Font Embedded လုပ်ပေးလိုက်တယ်။ နည်းနည်းတော့လေးသွားတယ် ဒါပေမယ့်လည်း ဘာမြန်မာဖောင့်မှမရှိတဲ့ နေရာမျိုးကနေ ဖတ်လို့ရသွားတာပေါ့။

    • box02 Says:

      ကိုလူပျိုရဲ့ comment က အားရှိလိုက်တာဗျား.. အဖော်လဲရှိသွားပြီး ကျေးဇူးပဲ ကိုလူပျိုရေး :-)
      ကျနော့် ဒီ wordpress.com ဘလော့က template ကိုပြင်လို့မရလို့ ဒီအတိုင်း plain ပဲထားလိုက်ရတာ။ ဟိုဘက် blogger.com ဘလော့မှာတော့ zawgyi-unicode5.1 converter js လေးတော့ထည့်ထားတယ်။
      အဆင်ပြေလားတော့မသိဘူး။ ကိုလူပျို့ဘလော့မှာလို ထားချင်ရင်ရော ဘယ်လိုလို့ရတယ်ဆိုတာ Howto လေးရေးပါအုံး။ နမူနာယူပြီးလုပ်ကြည့်ရအောင် :-)
      ကျေးဇူးအရမ်းတင်တယ် ကိုလူပျိုရေး :-)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.