Try again on Mandriva

April 11, 2010

လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူငယ်ချင်းတစ်ယောက်ရဲ့ Laptop မှာ Mandriva Linux သုံးတာတွေ့တုန်းက တော်တော်ထူးခြားတဲ့ Desktop OS ပါလားလို့ စိတ်ထဲကတောင် အမှတ်တွေပေးခဲ့တယ်။ အဲဒီအချိန်မတိုင်ခင်တုန်းက ကိုယ်က ၀င်းဒိုးစ်လောက်ပဲသုံးဖူးတာကိုး။ အဲဒီသူငယ်ချင်းကနေ Mandriva Linux CD ကိုကူးလာခဲ့ပါသေးတယ်။ အိမ်ကစက်မှာသွင်းမလို့။ သွင်းကြည့်ခဲ့ပါသေးတယ် အဲဒီတုန်းက ကိုယ်ကလင်းနက်စ်ကို သိပ်လဲမသုံးတက်သေး packages တွေလဲ မသွင်းတက်သေးဆိုတော့ ပြန်ချထားခဲ့တယ်။ နောက်တော့ Fedora ကိုသုံးဖြစ်ခဲ့တယ်။ ပြီးတော့ Debian|Ubuntu ကပိုပြီးလွယ်တယ်ဆိုပြီးဆက်သုံးလာခဲ့တာ Mandriva Linux ကိုပြန်စမ်းဖို့တောင် မေ့နေခဲ့တယ်။
ခုတော့ ပျင်းတာနဲ့ Linux sites တွေလျှောက်သွားပြီး ဘာအသစ်လေးများရှိလဲလျှောက်ကြည့်ရင်း Mandriva 2010 ကိုတွေ့တော့ဆွဲချပြီး ပြန်စမ်းတယ်။
ကျနော်ပျင်းရင် အဲလိုပဲလင်းနက်စ်ဆိုဒ်တွေလျှောက်သွားပြီး အသစ်တွေ့ရင်စမ်းတော့တာပဲ (အားနေတာလေ) :P
မန်ဒရီဗာကိုသွင်းရတာတော်တော်လေးအဆင်ပြေတယ်။ သွင်းပြီးတော့ ကျနော့်ရဲ့ burma-keyboard-tk package နဲ့ဖွန့်သွင်းတာလဲတော်တော် အဆင်ပြေတယ်။ သူများတွေတော့ စမ်းပြီးပြီးလားတော့မသိဘူး၊ burma-keyboard-tk GUI ကို ဒီ KDE Desktop မှာ ဘာမှအရင်သွင်းစရာမလိုပဲတန်း run လို့ရတယ်။ ကျနော်က ‘ဟ, တယ်ဟုတ်ပါလား’ လို့တောင် စိတ်ထဲကဖြစ်သွားသေးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီ GUI ကို Fedora မှာ run ချင်ရင် ‘yum install tkinter‘ ကိုအရင်သွင်းပေးရသလို Ubuntu မှာလဲ ‘apt-get install python-tk‘ ကို run ပေးရတာကိုး၊ Mandriva မှာတော့ ဘာမှသွင်းပေးစရာမလိုဘူးလေ။
နောက်တစ်ခုက KDE Desktop မှာ မြန်မာစာရေးလို့အဆင်မပြေဘူးလို့ထင်ခဲ့တာ ခုတော့ အဆင်ပြေတာတွေတွေ့တယ်။ အောက်မှာ ပုံလေးတွေပါ။

Run burma-keyboard-tk GUI from kconsole

Starting burma-keyboard-tk v0.1.1

Installing zawgyi font and keyboard successfully

log file viewing

configure Your Desktop Window

Keyboard Layout setting

Keyboard Layout Advance Tab

Writing text on Kwrite with zawgyi 2009

Enjoy and Have fun!

ဒီခေတ်က လက်ကိုင်ဖုန်းခေတ်လို့ပြောနိုင်ပါတယ်။ လူအယောက်တိုင်းလိုလိုမှာ လက်ကိုင်ဖုန်းကိုယ်စီ ရှိကြပါတယ်။ လက်ကိုင်ဖုန်းတွေက အရင်ခေတ်ကာလများကကဲ့သို့မဟုတ်သောပဲ ပိုပြီးစွမ်းဆောင်ရည်ရှိလာတဲ့အပြင် အိမ်တွင်ရှိသော စားပွဲတင်ကွန်ပြူတာကဲ့သို့ပင် စွမ်းဆောင်လာနိုင်လာပါတယ်။ အရင်က လက်ကိုင်ဖုန်းများကို ခေါ်ယူဆက်သွယ်မှု၊ စာတိုပေးပို့မှုနဲ့ ပြက္ခဒိန် နှိုးစက်အစရှိသော အော်ကနိုက်ဇာပရိုဂရမ်ငယ်အသုံးပြုမှု အတွက်သာသုံးဆောင်ခဲ့ကြသော်လည်း၊ ယနေ့ခေတ်တွင် ခေါ်ယူဆက်သွယ်မှု စာတိုပေးပို့မှုများသာမက အီးမေးလ်ပို့ဆောင်မှု၊ လမ်းပြမြေပုံအသုံးပြုမှု၊ အင်တာနက်စာမျက်နှာဖတ်ရှမှု၊ ရေဒီယိုနှင့် သီချင်းဖိုင်နားဆင်မှု၊ ရုပ်သံဖိုင်ကြည့်မှု၊ ဂိမ်းကစားမှု၊ လူမှုရေးအင်တာနက်ဆိုဒ်များအသုံးပြုမှု အစရှိသဖြင့် နေ့တာဓူဝ လူမှုဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးလုပ်ငန်းဆောင်တာမှန်သမျှ အမျိုးမျိုးကို လုပ်ဆောင်နိုင်ရန် အသုံးပြုလာကြပြီဖြစ်ပါတယ်။ လက်ကိုင်ဖုန်းထုတ်လုပ်တဲ့ ကုပ္မဏီကြီးများကလဲ (ဥပမာ Nokia) သူတို့ရဲ့ပစ္စည်းအသုံးပြူသူများအတွက် အမျိုးမျိုးသော ၀န်ဆောင်မှုများပေးတဲ့အပြင် အသုံးပြုသူစိတ်ကြိုက် ပရိုဂရမ်များတီထွင်ဖန်တီးထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာလက်ကိုင်ဖုန်း software platforms အလိုက် OS, SDK, APIs အစရှိသော software development kits များကို အင်တာနက်ပေါ်တွင်ထားရှိခြင်းအားဖြင့် ၄င်းတို့ကိုအလိုရှိသော အသုံးပြုသူ ပရိုဂရမ်မာများ ဒဗလုပ်ပါများအား အကျိုးဖြစ်ထွန်းစေပါတယ်။

လက်ကိုင်ဖုန်းသုံးပြုသူများထဲတွင် မိမိလိုအပ်ချက်နဲ့ကိုက်ညီအောင် ကိုယ်ပိုင်ပရိုဂရမ်ရေးသားသူများ ရှိသလို မိမိ၏ါသနာအရကိုယ်ပိုင်ပရိုဂရမ်ရေးသားချင်သူများလဲရှိပါတယ်။ တချို့ကတော့ ကိုယ့်ကုမ္ပဏီရဲ့ပရောဂျက်ဖြစ်သမို့ မဖြစ်မနေ အပရီကေးရှင်းများ ဒပလုပ်လုပ်ရသူများလဲရှိပါတယ်။ အကယ်လို့ ဝါသနာအလျှောက် သို့မဟုတ် ကိုယ့်ရဲ့ကိုယ်ပိုင်သီးသန့်လိုအပ်ချက်အတွက် ကိုယ့်လက်ကိုင်ဖုန်းအတွက် အပရီကေးရှင်းလေးရေးချင်တယ်၊ နောက်ပြီး ကိုယ့်ရဲ့လက်ကိုင်ဖုန်းက Nokia ကုမ္ပဏီထုတ်ဖြစ်ပြီး အဲဒီဖုန်းရဲ့ OS က Symbian ဖြစ်ပြီး S60 platform ဆိုရင်တော့ SDK ကို ဒီအင်တာနက်စာမျက်နှာမှာ သွားရောက်ရယူနိုင်ပါတယ်။ Nokia Forum ကနေ download ရယူလျှင် ဖိုရမ်မှာ Register account တစ်ခုလုပ်ဖို့လိုအပ်ပါတယ်။ ဒီ Symbian Platform မှာ အပရီကေးရှင်းတွေကို C++, Java တို့နဲ့ develop လုပ်နိုင်သလို ခင်ဗျားရဲ့ favorite language ဖြစ်တဲ့ Python နဲ့လဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ Python ပရိုဂရမ်မာများအတွက် PyS60 ရှိပါတယ်။ Python Quick Start စာမျက်နှာနဲ့ PyS60 download ရယူဖို့အတွက်စာမျက်နှာပါ။ စိတ်ဝင်စားပါက Nokia E-Learning စာမျက်နှာမှာ Symbian S60 အကြောင်းနဲ့ Python for S60 eLearning basic တွေကိုရှာယူလေ့လာနိုင်ပါတယ်။ အဲဒီမှာစိတ်ဝင်စားစရာလေ့လာဖို့ကောင်းတဲ့အခြားအရာများကိုလဲ လေ့လာနိုင်ပါတယ်။ အကယ်လို့ ကိုယ့်ရဲ့ Nokia လက်ကိုင်ဖုန်းက ဘယ် platform မှာလဲမသိရင် ဒီ devices စာမျက်နှာမှာကြည့်နိုင်ပါတယ်။

S60 3rd Edition SDK emulator on my PC.

S60 3rd Edition SDK Emulator

PyS60 Application Packager for My Python Applications

PyS60 Application Packager

Install python runtime and python shell to Nokia E71-1

Install python to Phone

ဒီလေးတွေ setup လုပ်ပြီးတာနဲ့ ပိုင်သွန်ပရိုဂရမ်ငယ်လေးတွေ ကျနော့်လက်ကိုင်ဖုန်းအတွက် ရေးလို့ရပါပြီး။ ကိုယ်ပိုင်ပရိုဂရမ်လေးတွေရေးသားပြီး ပျော်ရွှင်ကြပါစေ။

Enjoy! Have fun!!

Follow

Get every new post delivered to your Inbox.