Try again on Mandriva
April 11, 2010
လွန်ခဲ့တဲ့ ၄ နှစ်လောက်က သူငယ်ချင်းတစ်ယောက်ရဲ့ Laptop မှာ Mandriva Linux သုံးတာတွေ့တုန်းက တော်တော်ထူးခြားတဲ့ Desktop OS ပါလားလို့ စိတ်ထဲကတောင် အမှတ်တွေပေးခဲ့တယ်။ အဲဒီအချိန်မတိုင်ခင်တုန်းက ကိုယ်က ၀င်းဒိုးစ်လောက်ပဲသုံးဖူးတာကိုး။ အဲဒီသူငယ်ချင်းကနေ Mandriva Linux CD ကိုကူးလာခဲ့ပါသေးတယ်။ အိမ်ကစက်မှာသွင်းမလို့။ သွင်းကြည့်ခဲ့ပါသေးတယ် အဲဒီတုန်းက ကိုယ်ကလင်းနက်စ်ကို သိပ်လဲမသုံးတက်သေး packages တွေလဲ မသွင်းတက်သေးဆိုတော့ ပြန်ချထားခဲ့တယ်။ နောက်တော့ Fedora ကိုသုံးဖြစ်ခဲ့တယ်။ ပြီးတော့ Debian|Ubuntu ကပိုပြီးလွယ်တယ်ဆိုပြီးဆက်သုံးလာခဲ့တာ Mandriva Linux ကိုပြန်စမ်းဖို့တောင် မေ့နေခဲ့တယ်။
ခုတော့ ပျင်းတာနဲ့ Linux sites တွေလျှောက်သွားပြီး ဘာအသစ်လေးများရှိလဲလျှောက်ကြည့်ရင်း Mandriva 2010 ကိုတွေ့တော့ဆွဲချပြီး ပြန်စမ်းတယ်။
ကျနော်ပျင်းရင် အဲလိုပဲလင်းနက်စ်ဆိုဒ်တွေလျှောက်သွားပြီး အသစ်တွေ့ရင်စမ်းတော့တာပဲ (အားနေတာလေ) ![]()
မန်ဒရီဗာကိုသွင်းရတာတော်တော်လေးအဆင်ပြေတယ်။ သွင်းပြီးတော့ ကျနော့်ရဲ့ burma-keyboard-tk package နဲ့ဖွန့်သွင်းတာလဲတော်တော် အဆင်ပြေတယ်။ သူများတွေတော့ စမ်းပြီးပြီးလားတော့မသိဘူး၊ burma-keyboard-tk GUI ကို ဒီ KDE Desktop မှာ ဘာမှအရင်သွင်းစရာမလိုပဲတန်း run လို့ရတယ်။ ကျနော်က ‘ဟ, တယ်ဟုတ်ပါလား’ လို့တောင် စိတ်ထဲကဖြစ်သွားသေးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီ GUI ကို Fedora မှာ run ချင်ရင် ‘yum install tkinter‘ ကိုအရင်သွင်းပေးရသလို Ubuntu မှာလဲ ‘apt-get install python-tk‘ ကို run ပေးရတာကိုး၊ Mandriva မှာတော့ ဘာမှသွင်းပေးစရာမလိုဘူးလေ။
နောက်တစ်ခုက KDE Desktop မှာ မြန်မာစာရေးလို့အဆင်မပြေဘူးလို့ထင်ခဲ့တာ ခုတော့ အဆင်ပြေတာတွေတွေ့တယ်။ အောက်မှာ ပုံလေးတွေပါ။
Enjoy and Have fun!












May 1, 2010 at 6:36 pm
ဘရိုဆီက linux သင်ရမယ်…ဟဲဟဲ….သင်ပေးနော်….ခွိ
May 14, 2010 at 11:01 am
ဘယ်လိုသင်ပေးရမလဲ ကိုအာကာ
အရမ်းလွယ်ပာတယ် သုံးကြည့်အုံး