ကျနော် ခုလေးပဲ Burma-Keyboard-Tk package version 0.1.0 initial release ကို github repo ပော်တင်လိုက်ပါပြီး၊ zawgyi-keybaord project မှာလဲ ဒီ post ရေးပြီးရင်တင်လိုက်ပါမယ်။
ဒီ GUI program ကို Tkinter library ပော်မှာအခြေခံပြီးရေးထားတာဖြစ်ပါတယ်။ Tkinter က Python ရဲ့ Standard GUI Library ဖြစ်တာမို့ Python နဲ့အတူပါလာတက်ပါတယ်။ တချို့ Linux Distro တွေမှာပါချင်မှ ပါတက်ပါတယ်။ Ubuntu မှာတော့ Tkinter ပါလာပြီးသားပါ။
သို့သော်လည့်ပဲ Tkinter က Tcl/Tk နဲ့လဲပတ်သက်နေတော့ Tcl/Tk လိုပါတယ်။ အဲဒီအတွက် Ubuntu နဲ့ Debian မှာဆိုရင် python-tk ကို install လုပ်ပေးရမှာဖြစ်တယ်။ Ubuntu အပြင်အခြား Distro သုံးသူများကတော့ ဘယ်လိုသွင်းရမလဲဆိုတာ သိနေပြီးသားဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
အကယ်၍ Tcl/Tk သွင်းရတာအဆင်မပြေဘူးဆိုရင် Python IDLE ကို package manager ကနေသွင်းပါ။ IDLE ကလဲ Tkinter နဲ့ရေးထားတဲ့ program မို့ သူလဲ Tcl/Tk ကိုလိုအပ်ပါတယ်။ အဲဒါကြောင့် သူ့ကိုသွင်းရင် အဆင်ပြေပါပြီ။

ပထမအနေနဲ့
$ sudo apt-get install python-tk

ဒါမှမဟုတ် idle ကိုသွင်းလဲရတယ်
$ sudo apt-get install idle

ပြီးရင် burma-keyboard-tk ကို run လို့ရပါပြီ။ မ run ခင် အရင်ဆုံး package ကို extract လုပ်။ ပြီးရင် သူ့ရဲ့ source folder ထဲဝင်ပါ။

$ tar xzf burma-keyboard-tk-0.1.0.tar.gz
$ cd burma-keyboard-tk

ပြီးရင် burma-keyboard-tk.py ဆိုတဲ့ ဖိုင်ကို sudo python ခံပြီး run ပေးပါ။

$ sudo python burma-keyboard-tk.py

Extracting and Starting program

အဲဒါဆို program ကစတင် run ပြီး install စတာတွေလုပ်ဖို့ ready အနေအထားဖြစ်နေမှာပါ။

Main User Interfaces

ပြီးရင် font တစ်ကိုရွေးပြီး Confirm button ကိုနှိပ်ပေးပါ။ Confirm လုပ်ပေးပြီးတာနဲ့ source status မှာ ကိုယ်သွင်းချင်တဲ့ font နဲ့ xkb file ကိုတွေ့မှာပါ။

Choosing a font and confirm

After confirming, font defined

Install လုပ်ဖို့အတွက် Command buttons တွေထဲက Install button ကိုနှိပ်လိုက်ပါ။

Install from Command buttons

Installation finished

ဒါဆိုရင် installation ပြီးပါပြီ။ ကျန်တဲ့ logs, Vew log, Layout Help, About buttons တို့ကို နှိပ်ကြည့်ပြီး program ကိုလေ့လာနိုင်ပါတယ်။ About button ကိုနှိပ်ရင် အောက်က About Dialog Window ငယ်လေးပော်မှာပါ။ အဲဒီထဲက ကြည့်ချင်တာတွေကြည့်နိုင်ပါတယ်။

About Dialog

ဥပမာအဲဒီအထဲက Copyright button ကိုနှိပ်ကြည့်မယ်ဆိုရင် copyright နဲ့ပတ်တဲ့အကြောင်းအရာတွေတွေ့မှာပါ။

Copyright

ဒီ program ငယ်ကို အသုံးဝင်မယ် အသုံးပြုရလွယ်မယ်လို့မျှော်လင့်ပြီး ရေးလိုက်တာပါ။ အဆင်မပြေတာရှိရင်လဲပြောပါ။ ကျနော်က Tkinter နဲ့ရေးထားပေမယ့်လဲ တခြား GUI Toolkits ကို port လုပ်ချင်ရင်လဲ လုပ်နိုင်ပါတယ်။ ညီ Trh ကတော့ PyGTK ကို porting လုပ်ပေးဖို့ စိတ်ဝင်စားမယ်ထင်ပါတယ်။ :-)

ကျနော် github repo မှာတင်ထားပေးပါတယ်။ github အကောင့်ရှိသူများ fork လိုက fork နိုင်ပါတယ်။ Users မှအတွက် အဆင်ပြေအောင် အကြံပေးနိုင်ပါတယ်။ အမှားတွေပါနေရင်လဲ ပြောပါ။ ကျနော် ပြန် fix ပေးပါမယ်။

GitHub Repo: burma-keyboard-tk

Download: http://zawgyi-keyboard.googlecode.com/files/burma-keyboard-tk-0.1.0.tar.gz

Enjoy!

ကျနော် gooey သိပ်မကောင်းပါဘူး၊ ဒါပေမယ့် command lines နဲ့ သိပ်ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ Linux အသုံးပြုသူအသစ်များအတွက် GUI နဲ့ ကီးဘုတ်သွင်းလို့ရအောင် လက်ရှိ command line အသုံးပြု ပိုင်သွန်ပရိုဂရမ်ကို GUI နဲ့ထုတ်ပိုးပြီး ထပ်ထုတ်မယ်လို့ စိတ်ကူးကြည့်ပါတယ်။ လုံးလုံးတော့ command line မလွတ်ပေမယ့် Mouse လေးနဲ့ click ရသေးတယ်ဆိုတော့ ပိုပြီးလွယ်တာပေါ့နော်။
အောက်မှာ screenshots လေးတွေပါ။ :-)

Main Windows

main window and log window

main window and layout help window

အကြံညဏ်ကောင်းတွေလဲ comments မှာပေးသွားနိုင်ပါတယ်။

Enjoy!! :-)

zawgyi-keyboard-0.3.3 version ကို မနေ့ညက ထုတ်လိုက်ပါတယ်။ ကိုစိုးမင်းရဲ့ လက်ရှိနောက်ဆုံး Zawgyi 2009 version ဖြစ်တဲ့ `Zawgyi-One_v4.25_November_6_2009` ကိုထည့်သွင်းထားပါတယ်။ Keyboard Layout ကလဲ ကိုစေတန်ရဲ့ modified ပေးထားတဲ့ ဇော်ဂျီလက်ကွက်အဟောင်းစတိုင်နဲ့မို့လို့ စာရိုက်သွင်းရာမှာ အရင်ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်။ နောက်ပြီး zawgyi_keyboard.py module မှာလဲ error တစ်ချို့ကို ပြုပြင်ထားပါ။ Package ရဲ့ အပြောင်းအလဲအသေးစိတ်ကိုတော့ အောက်က changelog မှာကြည့်နိုင်ပါတယ်။

changelog

v0.3.3

* upgrade new zawgyi font (Zawgyi-One_v4.25_November_6_2009.ttf) by Soe Min
* mm xkeyboard file modified for zawgyi style by Saturngod
* import zawgyi_keyboard_2009.pdf for keyboard layout
* delete zawgyi_keyboard_unicode5.1_style.png
* delete Zawgyi_Keyboard_Layout_2009_Linux-Unix.pdf
* make to be able to install on all version of FreeBSD and Linux
* add wget_SuggestMessage() in module for while wget not installed

download
zawgyi-keyboard-0.3.3

howto
install guide

project homepage
zawgyi-keyboard.googlecode.com

support
please report if you found some bugs or errors. thank you.

zawgyi-keyboard နဲ့ zawgyi font ကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Enjoy using zawgyi!

Xubuntu ဆိုတာ User အမြင်နဲ့ပြောရရင် Ubuntu ကို XFCE desktop သုံးထားတဲ့ distro တစ်ခုလို့ ပြောရမှာပါ။ လွယ်ကူပြီး ပေါ့ပါးတဲ့ desktop တစ်ခုကိုပေးပါဆိုရင် Xubuntu ကိုပေးရမယ် ထင်ပါတယ်။ Xubuntuက Userများအတွက်အသုံးပြုလွယ်ကူ အဆင်ပြေအောင်တ်ာတော် လုပ်ထားပေးတယ်လို့ ပြောလို့ရတယ်။ တကယ့် Plain XFCE မှာ မပါတဲ့ဟာတွေဟာ ဒီ Xubuntu မှာပါပါတယ်။ ဥပမာ keyboard layouts လို့ခော်တဲ့ GUI keyboard layout application ပါတယ်လေ။ အဲတော့ zawgyi-keyboard-0.3.2.tar.gz ကို download လုပ်ပြီး ဇော်ဂျီကီးဘုတ် install လုပ်ပြီးတဲ့အခါ ubuntu မှာလိုပဲ keyboard indicator နည်းတူ keyboard layouts app နဲ့ keyboard layout preferences ကိုရရှိမှာပါ။ ဇော်ဂျီကီးဘုတ်လဲ သွင်းရတာအဆင်ပြေပြီး အသုံးပြုလို့ ကောင်းမှာပါ။ အောက်မှာ screenshots လေးတွေနဲ့ ပြပေးထားပါတယ်။

download zawgyi-keyboard-0.3.2.tar.gz

download zawgyi-keyboard-0.3.2.tar.gz

starting zawgyi_keyboard.py

starting zawgyi_keyboard.py

installing zawgyi-keyboard

installing zawgyi-keyboard

upgraded and checked zawgyi font

upgraded and checked zawgyi font

add keyboard indicator app to panel

add keyboard layouts app to panel

keyboard layouts preferences window

keyboard layouts window

adding myanmar layout

adding myanmar layout

getting myanmar zawgyi layout

getting myanmar zawgyi layout

getting keys on chance layout option

getting keys on chance layout option

testing zawgyi font on Xubuntu with mousepad

testing zawgyi font on Xubuntu with mousepad

Enjoy with it! :-)

GNOME desktop ပော်မှာ ဇော်ဂျီကီးဘုတ်သွင်းပြီးလို့ အဂဿဿငလိပ်မြန်မာ ကီးဘုတ်ပြောင်းဖို့အတွက်လည်း keyboard indicator ဆိုတဲ့ပရိုဂရမ်လေးရှိနေတာကြောင့် ဇော်ဂျီမြန်မာဖွန့် ရိုက်ရတာအဆင်ပြေပါတယ်။ ဒါပေမယ့် XFCE လို့ခော်တဲ့ desktop ပော်မှာတော့ Keyboard Indicator တို့လို ပရိုဂရမ်မရှိတာကြောင့် စတင်အသုံးပြုသူ beginners များအဖို့ ဇော်ဂျီမြန်မာကီးဘုတ်အသုံးပြုဖို့အတွက် ပြသဿသနာတက်ရပါတယ်။ ဒါကြောင့် စတင်အသုံးပြုသူများ desktop ရွေးချယ်အသုံးပြုရာမှာ စိုးရိမ်လေ့ရှိတဲ့ မြန်မာဖွန့်သုံးလို့ရပါ့မလား ဆိုတဲ့ စိုးရိမ်မှုမျိုး ကင်းဝေးရအောင် ဒီပို့စ်လေး ရေးလိုက်ပါတယ်။ XFCE desktop က အများသိကြအတိုင်းပဲ အရမ်းပေါ့ပါး မြန်ဆန်ပြီး လှပတဲ့ desktop program ဖြစ်ပါတယ်။ သူ့အပော်မှာ ဇော်ဂျီကီးဘုတ်သွင်းချင်ရင်လဲ အလွယ်လေးပါ။ zawgyi-keyboard google code project ကနေ ခုလက်ရှိနောက်ဆုံး version ဖြစ်တဲ့ zawgyi-keyboard-0.3.2.tar.gz ကို download လုပ်ချပြီး install guide အတိုင်း install လုပ်ပေးပါ။
ပြီးရင် xorg.conf ဖိုင်မှာ myanmar keyboard [mm] ကိုထည့်ပေးပါ။ ထည့်ပုံက နှစ်သက်ရာ text editor တစ်ခုခုဖြင့် /etc/X11/xorg.conf ဖိုင်ကို အောက်ကအတိုင်း InputDevice Session မှာ ပြင်ပေးပါ။

$ sudo mousepad /etc/X11/xorg.conf

Section "InputDevice"
Identifier "Generic Keyboard"
Driver "kbd"
Option "XkbRules" "xorg"
Option "XkbModel" "pc104"
Option "XkbLayout" "us,mm"
EndSection

ပြင်ပြီး save လုပ်ပြီး ဖိုင်ကို သိမ်းလိုက်ပါ။ နောက်တစ်ခုထပ်လုပ်ရမှာ shell program file တစ်ခုပါ။ fixkeyboard လို့နာမည်ပေးလိုက်ပါ(အမှန်တော့ ကိုယ်နှစ်သက်တဲ့အမည်ပေးနိုင်ပါတယ်၊ ကိစဿစမရှိပါ)။ အဲဒီဖိုင်ကို /usr/bin အောက်မှာ save ပြီး သိမ်းပေးပါ။

$ sudo mousepad /usr/bin/fixkeyboard

#!/bin/bash
setxkbmap -option grp:switch,grp:alt_shift_toggle us,mm

ပြီးရင် save ပြီး သိမ်းလိုက်ပါ။ ဒီနေရာမှာ switcher key toggle အတွက် ကိုယ်ကြိုက်တဲ့ options ထားနိုင်ပါတယ်။ အောက်မှာ တခြား switch options တွေပါ။

alt_shift_toggle
ctrl_shift_toggle
ctrls_toggle
wins_toggle

စတာတွေကို ကြိုက်ရာ အစားသွင်း အသုံးပြုနိုင်ပါတယ်။ ပြီးရင် အောက်က command line လေးကိုလဲ run ပေးလိုက်ပါ။

$ sudo chmod +x /usr/bin/fixkeyboard

နောက်ပြီး logout မလုပ်ခင် Autostarted Applications မှာ အဲဒီ file လေးကို ထည့်ပေးခြင်းအားဖြင့် နောက် login ဝင်တဲ့အချိန်အတိုင်း auto run ပေးမှာပါ။ Autostarted Applications ကို run ဖို့အတွက် Desktop ပော်ကို right-click နှိပ်ပါ။ menu ပော်လာမယ်။ အဲဒီကနေ Settings >> Autostarted Applications ကိုရွေးနှိပ်ပေးခြင်းအားဖြင့် အောက်ကပုံအတိုင်း Autostarted Applications Window ပော်လာမယ်။ ပုံထဲကအတိုင်းပဲ Add ကိုနှိပ်ပေးပြီး တောင်းခံတဲ့ ကွက်လပ်တွေကို ဖြည့်ပေးပါ။

Add application on Autostarted Applications

Add application on Autostarted Applications

Name: fixkeyboard
Description: Keyboard Switcher
Command: /usr/bin/fixkeyboard

ပြီးရင် OK နှိပ်၊ ပိတ်ပြီး Logout လုပ်ပေးလိုက်ပါက အခြား desktop တွင်အသုံးပြုသလို toggle key switch ပြီး အဂဿငလိပ် ဇော်ဂျီမြန်မာကီးဘုတ်ကို ပြောင်းနိုင်ပါပြီး။ mousepad ကိုဖွင့်ပြီးတော့ ဇော်ဂျီကီးဘုတ် ကို စမ်းသပ်နိုင်ပါတယ်။

testing zawgyi font on mousepad

testing zawgyi font on mousepad

Enjoy with it! :-)

Follow

Get every new post delivered to your Inbox.