ကျနော် မနေ့က အလုပ်ဆင်းတော့ ကြည့်မယ်လို့ စိတ်ကူးထားတဲ့ G-FORCE 3D movie ကိုရုပ်ရှင်ရုံမှာ သွားကြည့်တယ်လေ။ 3D movie ကို ဒါ ပထမဆုံးသွားကြည့်တာပဲ။ Hall ထဲဝင်တော့ မျက်မှန်ပေးတယ်။ 3D movie ကို အဲဒီမျက်မှန်မပါပဲကြည့်ရင် ဘာမှ focus မပျက်သလို ကြည့်လို့ မကောင်းဘူး၊ ဝါးနေတယ်။ အဲဒီမျက်မှန်တပ်လိုက်မှ တကယ့် 3D ကိုမြင်ရတယ်။ အရမ်းမိုက်တယ်ဗျား.. ကိုယ့်အရှေ့မှာ တကယ်ဖြစ်နေသလို၊ ကိုယ့်ဘက်လှိမ့်ထွက်လာတဲ့ အရာဝတဿထု objects တွေက ကိုယ့်မျက်နှာတည့်တည့် လာရိုက်သလိုနဲ့ စိတ်လှုပ်ရှားဖို့ အရမ်းကောင်းတယ်၊ Audio system ကလဲ 3D ထင်ပါတယ်၊ objects နဲ့အတူ sounds တွေကလဲ တကယ့် real အတိုင်းပဲ။ :D
ကြိုက်တယ်ဗျား .. ရိုးရိုးထက် ဈေးကြီးပေမယ့်လဲ ကြည့်ရတန်တယ်လို့ ပြောရမယ် :P
ခင်ဗျားတို့လဲ အရသာသိအောင် 3D movie ကောင်းကောင်းတစ်ကားလောက်သွားကြည့်လိုက်ပါအုံး ;D

Cheers!

free software song

March 22, 2009

ဒီသီချင်းလေးဟာ ကျနော်တို့ Free Software ကမ္ဘာကရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ ..
သီချင်းရေးထားတဲ့သူကတော့ Richard Stallman ဖြစ်ပါတယ် .. ခံစားကြည့်ပါဗျား .. :-)
ခုကျနော်တင်ထားတဲ့ သီချင်းလေးက Rhythmic version ပါ ..

free software song rhythmic

[To the melody of Sadi Moma:]

Join us now and share the software;
You’ll be free, hackers, you’ll be free.
x2

Hoarders may get piles of money,
That is true, hackers, that is true.
But they cannot help their neighbors;
That’s not good, hackers, that’s not good.

When we have enough free software
At our call, hackers, at our call,
We’ll throw out those dirty licenses
Ever more, hackers, ever more.

Join us now and share the software;
You’ll be free, hackers, you’ll be free.
x2

အကယ်၍ streamline နားထောင်ချင်ပါက အောက်ကလင့်လေးကို ကူးယူပြီး သီးသန့် browser tab မှာဖြစ်ဖြစ်၊ တခြား player တစ်ခုခုနှင့်ပဲဖြစ်ဖြစ်နားထောင်နိုင်ပါတယ် ခင်ဗျား ..

http://www.gnu.org/music/free-software-song-rhythmic.mp3

source: http://www.gnu.org/music/free-software-song.html

have fun! :D

every breath you take

March 13, 2009

ကျနော်ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပါ။ The Police အဖွဲ့က ဒီသီချင်းလေးကိုဆိုထားတယ်လေ .. :-)

Download:

ရေဒီယိုက

ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်

ညနေခင်းဟာစိတ်အပြောင်းအလဲမြန်တယ်

ကောင်းကင်မှာ

အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်

အရောင်ရင့်ချိန်

အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး

အိမ်ခေါင်မိုးပေါ်

တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း

ခါးခါးသီးသီး

ပန်းပွင့်တချို့ဟာ

အလှတရားအကြောင်းမှ ကောင်းကောင်းသိမသွားခင်

ကြွေနှင့်ပြီ

လေဟာ

ပြတင်းတံခါးကို အသံမြည်အောင် ဆောက်ပိတ်

လွင့်နေတဲ့စိတ်

ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက

အလန့်တကြား။ ။ — မင်းထက်ညိမ်း

credit >> မင်းထက်ညိမ်း၊ အိုးဝေ မဂ္ဂဇင်း နှင့် ဇနိ
ဒီကဗျာကို အိုးဝေအမှတ်တရစုဆည်းမှု ဘလောက် (0-way.blogspot.com)မှ ကူးယူထားပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဖော်ပြခွင့် မပြုပါက၊ ချက်ခြင်းဖျက်ပေးမည်ဖြစ်ပါသည်။ မင်းထက်ညိမ်းအား လေးစားသောအားဖြင့် အမှတ်တရ ကူးယူခံစားဖော်ပြရခြင်းဖြစ်ပါသည်။ လေးစားစွာဖြင့် …

source :  http://o-way.blogspot.com/2007/08/blog-post_26.html

Follow

Get every new post delivered to your Inbox.