Install flashplugin for Firefox on FreeBSD
January 30, 2010
FreeBSD-8 မှာ Firefox-3.5 အတွက် flashplugin-10 ကို linux_base-f10 emulator ခံပြီး install လုပ်တာပါ။ FreeBSD 8 ကို install လုပ်ပြီးချိန်မှာ Linux layer က default အနေနဲ့ enable မဖြစ်နေပါဘူး။ အဲဒါကြောင့်မို့ linux emulator ကို install လုပ်ပြီး enable အရင်လုပ်ပေးရမယ်။ ဘာလို့ linux emulator layer လိုအပ်လဲဆိုတော့ ခုကျနော် install လုပ်ချင်တဲ့ flash plugin က linux flashplugin ဖြစ်လို့ပါ။ linux_base-f10 ကို install မလုပ်ခင် လိုအပ်တာလေးတွေ အရင်လုပ်ပေးရမယ်။ အောက်က command lines တွေနဲ့ conf ဖိုင် အသီးသီးမှာ လိုအပ်တဲ့ configuration တွေကို ထည့်ပေးပါ။
Add linux_enable=”YES” to /etc/rc.conf
# echo 'linux_enable="YES"' >> /etc/rc.conf
Add compat.linux.osrelease=2.6.16 to /etc/sysctl.conf
# echo 'compat.linux.osrelease=2.6.16' >> /etc/sysctl.conf
Add OVERRIDE_LINUX_BASE_PORT=f10 to /etc/make.conf
# echo 'OVERRIDE_LINUX_BASE_PORT=f10' >> /etc/make.conf
ပြီးရင် linux process file system ကို fstab ဖိုင် အောက်ကအတိုင်း ထည့်ပေးရအောင် ..
Make a directory for linux proc
# mkdir -p /usr/compat/linux/proc
Add this line to /etc/fstab:
linproc /usr/compat/linux/proc linprocfs rw 0 0
ပြီးရင် ကျနော်တို့ linux kernel module ရှိလား မရှိလား ကြည့်ရအောင် ..
Check Linux kernel modules
# cd /boot/kernel
# ls lin*
linker.hints linsysfs.ko linux.ko.symbols
linprocfs.ko linsysfs.ko.symbols
linprocfs.ko.symbols linux.ko
အဲဒီမှာ linux*.ko ကို မတွေရင် အောက်ကအတိုင်း linux module ကိုအောက်ကအတိုင်း install လုပ်ပေးရမယ်။
Install linux module
# cd /usr/src/sys/modules/linux
# make install clean
တကယ်တော့ FreeBSD-8 မှာ linux module က ပါလာပြီးသားပါ။ ဒီအပေါ်က linux module build တဲ့အဆင့်ကို ကျနော်မလုပ်ပေးခဲ့ရဘူး။
အဲဒါတွေ လုပ်ဆောင်ပြီးရင်တော့ စက်ကို reboot လုပ်ပေးဖို့လိုအပ်ပါတယ်။ reboot ပြန်တက်လာတဲ့အခါ linux module လဲ load လုပ်ပြီးသားဖြစ်နေပါပြီး linprocfs လဲ run နေပါပြီး။ အဲလိုဆိုရင် ကျနော်တို့လိုအပ်တဲ့ linux_base-f10 emulator နဲ့ flashplugin ကို install လုပ်နိုင်ပါပြီ။ ကြားဖြတ်ပြောရမယ်ဆိုရင် linux_base emulator install လုပ်ပြီးရင် linux မှာ run လို့ရတဲ့ applications တွေ packages တွေကို install လုပ်ပြီး run လို့ရပါတယ်။ linux applications တွေဟာ တချို့ဆိုရင် FreeBSD ပေါ်မှာ run ရတာ Linux မှာထက် ပိုပြီးတောင် မြန်နေပါတယ်။ တချို့ဟာတွေကတော့ Linux မှာလို မြန်ပါတယ်။ ဒီ emulator သုံးလို့ Performance နဲ့ Speed ကျသွားတယ်ဆိုတာမျိုး လုံးဝ မရှိပါဘူး။ တကယ့် native အတိုင်း run ပါတယ်။ ကဲ ကျနော်တို့ လိုအပ်တာတွေ ရှိသေးတော့ ဆက်ပြီး install လုပ်ရအောင် ..
Install linux_base-f10 emulator
# cd /usr/ports/emulators/linux_base-f10
# make install clean
ပြီးရင် အကယ်၍ firefox ကို install မလုပ်ရသေးဘူးဆိုရင် လုပ်ရအောင် .. ကျနော်ကတော့ firefox35 port ကနေ install လုပ်ပါတယ်။ firefox-devel port က firefox3.6rc2 က development အဆင့်မှာရှိနေတာမို့ recommended မလုပ်ချင်ပါဘူး။
Install firefox35 port
# cd /usr/ports/www/firefox35
# make install clean
firefox port ကို install လုပ်ရတာ စက်ရဲ့ speed ပော်မူတည်ပြီး နည်းနည်းကြာတက်ပါတယ်။ ပြီးရင် linux-f10-flashplugin10 နဲ့ nspluginwrapper ကို install လုပ်ပါမယ်။
Install linux-f10-flashplugin10 port
# cd /usr/ports/www/linux-f10-flashplugin10 && make install clean
Install nspluginwrapper port
# cd /usr/ports/www/nspluginwrapper && make install clean
ပြီးရင် libflashplayer.so ကို ရှာကြည့်မယ်။
# find / -name libflashplayer.so
/usr/local/lib/npapi/linux-f10-flashplugin/libflashplayer.so
output လုပ်ပေးတဲ့အထဲက lines တွေထဲမှာ အပော်ကလို line ကိုတွေ့လိမ့်မယ်။ အဲဒီအခါကျရင် super user (root) ကနေ exit လုပ်ပေးပြီး အောက်က comand line ကို run ပေးလိုက်ရင် error တွေမပြတော့တဲ့အခါ Youtube video ကို ကြည့်နိုင်ပါပြီ။ အကယ်လို့ ဒီအောက်က command line ကို run နေစဉ်မှာ firefox ဖွင့်ထားမယ်ဆိုရင် ပြန် restart လုပ်ပေးပြီး youtube site ကို ပြန်သွားပါ။
$ nspluginwrapper -v -i /usr/local/lib/npapi/linux-f10-flashplugin/libflashplayer.so
References:
Linux Binary Compatibility
Mozilla Firefox and the Adobe Flash Player
Enjoy!
Install java on FreeBSD
January 28, 2010
FreeBSD-8 မှာ Java ကို install လုပ်တာလေးပါ။ ကျနော်က java/openjdk6 port ကနေ install လုပ်ပါတယ်။ ports တွေကနေ install မလုပ်ခင်အရင်ဆုံး port tree ကို update လုပ်ပေးဖို့လိုအပ်လိမ့်မယ်။ ကျနော်ကတော့ ports tree update လုပ်တဲ့အခါမှာ portsnap ကိုသုံးတယ်။ ports tree update လုပ်ပေးပြီးပြီဆိုရင် ဆက်ရအောင် …
# cd /usr/ports/java/openjdk6
# make install clean
အဲလို စပြီး install လုပ်တာနဲ့ port install error တွေပြပါမယ်။ Terminal ကပြတဲ့ error messages တွေကို ဂရုတစိုက်ဖတ်ပြီး လိုအပ်တာတွေကို download ချသင့်ကချရပါမယ်။ ကျနော် install လုပ်စဉ်တုန်းက အောက်ကဟာတွေကို internet မှာရှာပြီး download လုပ်တယ်၊ ပြီးရင် /usr/ports/distfiles အောက်မှာ ထားပေး လိုက်တယ်။
diablo-caffe-freebsd7-i386-1.6.0_07-b02.tar.bz2
tzupdater-1_3_21-2009p.zip
jce_policy-6.zip
dejavu-fonts-ttf-2.30.tar.bz2
ကျနော့်တုန်းက အပော်ကဟာတွေလိုပေမယ့် ကိုယ့်ရဲ့ port version အလိုက်ပြောင်း ချင်ပြောင်းနိုင်တာမို့ error messages တို့ suggestion messages တို့က ကြည့်ပြီး လုပ်ပေးပါ။ ဒီ java/openjdk6 port ကို install လုပ်ပြီးသွားပြီးဆိုရင်တော့ ကျနော်တဲ့ eclipse တို့ virtualbox တို့ စတဲ့ java နဲ့ သက်ဆိုင်တာတွေ ဆက်သွင်းလို့ရပါပြီး။
Firefox java plugin အတွက်ကတော့ အောက်က command line လေးကို run လိုက်ရင် အဆင်ပြေတယ်။
% ln -s /usr/local/diablo-jdk1.6.0/jre/plugin/i386/ns7/libjavaplugin_oji.so
$HOME/.mozilla/plugins/
အဲဒါဆိုရင် Firefox java plugin ရပါပြီး။ ကျနော့် firefox35 port version က firefox-3.5.7,1.
References:
FreeBSD Handbook
http://www.freebsd.org/doc/en/books/handbook/desktop-browsers.html
Enjoy!
how to download rapidshare files with wget
September 23, 2009
ကျနှောက ရုပ်ရှင်ကြိုက်တဲ့သူဖြစ်တာမို့ ရုပ်ရှင်တွေကို အင်တာနက်ကနေ download လုပ်ဖို့အတွက် အလွယ်ကူဆုံးဖြစ်တဲ့နည်းကို ရှာပြီး သုံးနေခဲ့ပါတယ်။ ကျနှောက တစ်ခါတစ်လေ ရုပ်ရှင် ၁၅ ကား အကား ၂၀ လောက်ကို တစ်ခါတည်း download လုပ်တာဆိုတော့ ကြည့်ချင်တဲ့ရုပ်ရှင် rapidshare links တွေကို အရင်စုစည်းပြင်ဆင်ပါတယ်။ လင့်ခ်တွေအာလုံးပါတဲ့ text file တစ်ဖိုင်ကိုပြင်ဆင်ပါတယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာလဲ ကိုယ် download လုပ်ချမယ့် links တွေက အလုပ်လုပ်သေးလား သေနေပြီလားဆိုတာကိုပါ တစ်ခါတည်းစစ်ဆေးကြည့်ရှုပြီးမှ အလုပ်လုပ်တဲ့လင့်ခ်တွေကိုပဲ တစ်ခါတည်း စုစည်းပါတယ်။ အဲလိုလင့်ခ်တွေကို text file နဲ့ပြင်ဆင်ပြီးမှ wget နဲ့ တစ်ခါတည်း ဆွဲချတော့ပါပဲ။ ဘာမှထပ်လုပ်စရာမလိုတော့ပါဘူး။
Requirements:
1) Internet connection
2) Mozilla Firefox
3) Firefox plugins: Greasemonkey, Copy Links
4) Userscript: Rapidshare Links Checker
5) Text Editor: gedit, notepad++ (or whatever)
6) wget
7) Rapidshare Premium account
Environments Setup:
Firefox မှာ အပှောကလိုအပ်တဲ့ plugins တွေ install လုပ်ပါ။ Greasemonkey plugin ကို install လုပ်ပြီးတဲ့အခါ Rapidshare Links Checker userscript ကို install လုပ်ပါ။ ကိုယ့်စက်ထဲမှာ text editor နဲ့ wget ကိုရှိနေမယ်လို့ယူဆပါမယ်။ မရှိရင် install လုပ်ပေးထားမယ်။ နောက်ပြီး ကိုယ့်စက်က Internet နဲ့ချိန်ဆက်ထားတယ်လို့လဲ ယူဆပါတယ်။
Downloading:
$ wget --auth-no-challenge --user=RS_USER_LOGIN --password=RS_PREMIUM_PASSWORD -i rs_links.txt
ဒီနေရာမှာ;
RS_USER_LOGIN ဆိုတာက rapidshare premium user login name ပါ။
RS_PREMIUM_PASSWORD နေရာမှာ rapidshare premium password ကိုအစားသွင်းပေးပါ။
rs_links.txt ဆိုတာက rapidshare links တွေပဲ စုစည်းထားတဲ့ text file ပါ။
Enjoy with it!



