Go Programming Language ဟာ ဒီဆယ်စုနှစ်အတွင်းမှာ အသစ်ထွက်ပော်လာတဲ့ New Programming Language တစ်ခုပါ။ Developer ကတော့ Google ပါ။ Authors တွေကတော့ Plan9 OS project က Rob Pike, Ken Thompson အပါအဝင် Robert Griesemer နှင့် အခြားပုဂဿဿဂိုလ်များဖြစ်ကြပြီး BSD-style License နဲ့ Open Source Distribution ဖြစ်ပါတယ်။
Go က C/C++ တို့လို Compiled Language ဖြစ်ပြီး gc (8g,6g) နဲ့ gccgo တို့က Go အတွက် compilers တွေဖြစ်ကြပါတယ်။ လောလောဆယ်တော့ Linux နဲ့ Mac OS မှာပဲ ဒီ compilers တွေကိုအသုံးပြုနိုင်ပါသေးတယ်။
Go ကို လေ့လာနိုင်ဖို့အတွက် အဓိကနေနဲ့ Go compiler နဲ့ အခြားလိုအပ်တဲ့ programming environment programs တွေပါ။ ဒါတွေကို go source ကနေ့ Build လုပ်ဖို့အတွက် ပြင်ဆင်ရအောင်။ ကျနော်ကတော့ Debian GNU/Linux user ဆိုတော့ ကျနော့် Linux x86 (386) မှာ ဘယ်လို setup လုပ်လဲဆိုတာ နမူနာအနေနဲ့ရေးမှာပါ။
ပထမဦးဆုံးအနေနဲ့ ကျနော်တို့ ~/.bashrc ဖိုင်မှာ Environment variables တွေကို ရေးရအောင် ~/.bashrc ဖိုင်ကို gedit နဲ့ပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ editor တစ်ခုခုနဲ့ပဲဖြစ်ဖြစ်ဖွင့်ပြီး အောက်က Environmnet variables တွေကို ထည့်ဖြည့်ရေးပေးပြီး .bashrc ဖိုင်ကို သိမ်းပြီး ပိတ်လိုက်ပါ။

$ gedit ~/.bashrc

## Go Environment variables ##
export GOROOT=~/hg
export GOOS=linux
export GOARCH=386
export GOBIN=~/bin

ပြီးရင် ~/.bashrc ဖိုင်ကို save ပြီး ပိတ်လိုက်ပါ။ ပြီးရင် အောက်က command ကို Terminal ထဲမှာပဲ run ပေးပါ။

$ source ~/.bashrc

ပြီးရင် Environment Variables တွေက memory ထဲရောက်ပြီးလား Test လုပ်ကြည့်ပါ။

$ env | grep '^GO'
GOBIN=/home/username/bin
GOARCH=386
GOROOT=/home/username/hg
GOOS=linux

အဲလိုအပော်က results ကိုတွေ့မှာပါ။ ဒါပေမယ့်ကျနော်တို့ ~/bin folder မရှိသေးရင် mkdir နဲ့ folder လုပ်ပေးရပါမယ်။

## making ‘bin’ folder under your home directory ##
$ mkdir -p ~/bin

ပြီးရင် mercurial ကိုသုံးပြီး go source files တွေကို fetch မှာဖြစ်ပါတယ်။ ကျနော့် Linux က Debian ဖြစ်သမို့ ကျနော် apt ဒါမှမဟုတ် aptitude ကိုသုံးပြီး mercurial ကို အောက်ကအတိုင်း install လုပ်ပါမယ်။ ခင်ဗျားမှာ mercurial ရှိပြီးသားဆိုရင်တော့ install လုပ်စရာမလိုတဲ့အတွက် ဒီအဆင့် install လုပ်တဲ့အဆင့်ကိုကျော်ပြီး go source files ကို fetch လုပ်နိုင်ပါပြီ။

## installing mercurial ##
$ sudo apt-get install mercurial

mercurial ကို install လုပ်ပြီးတဲ့အခါ ကျနော်တို့ go source files တွေကိုရယူဖို့အတွက် အောက်က command line ကို run ပေးပါမယ်။

## fetching go source files ##
$ hg clone -r release https://go.googlecode.com/hg/ $GOROOT

source files တွေရပြီးရင် အဲဒါတွေကို build လုပ်ဖို့အတွက် လိုအပ်တာလေးတွေကို install လုပ်ပေးပါမယ်။

## installing gcc and others to build go source ##
$ sudo apt-get install bison gcc libc6-dev ed make

ပြီးရင် Go Distributions ကို ကျနော်တို့ build ရအောင် ..

## building go distribution ##
$ cd $GOROOT/src
$ ./all.bash

တအောက်လောက်စောင့်ပေးပြီးရင် အောက်က results ကိုတွေ့မှာပါ။ အဲဒါဆိုရင် building process က အဆင်ပြေပြီး go compiler ကိုသုံးလို့ရပါပြီး ..

--- cd ../test
0 known bugs; 0 unexpected bugs

အသေးစိတ်သိချင်ရင်တော့ ဒီလင့်ခ် လေးကို သွားပြီးဖတ်ပါ။

vim မှာ go syntax highlight အတွက် ကိုစိုးမင်းရဲ့ post ကိုသွားဖတ်နိုင်ပါတယ်။
ဒီမှာပဲတဆက်တည်းကြည့်လိုက်ရအောင် ကျနော်ရေးပေးလိုက်ပါတယ်။

## adding go syntax for vim editor ##
$ mkdir ~/.vim/
$ mkdir ~/.vim/syntax/
$ cp $GOROOT/misc/vim/go.vim ~/.vim/syntax/

## making and opening ~/.vimrc file ##
$ gedit ~/.vimrc

gedit နဲ့ ~/.vimrc ဖိုင်ပွင့်လာပြီးဆိုရင် အောက်ကဟာတွေကို ကူးပြီးရေးဖြည့်ပေးလိုက်ပြီး သိမ်းပြီး ပိတ်ပေးလိုက်ပါ။

autocmd BufNewFile,BufRead *.go set filetype=go
:syntax on

ခုဆိုရင် vim editor နဲ့ go programming language ကို syntax highlight တွေနဲ့လေ့လာနိုင်ပါပြီ။

Enjoy learning Go!

ကျနော့် Debian Lenny မှာ MS Windows XP ကို Sun VirtualBox ကိုအသုံးပြုပြီး run နေတာပါ။ Debian GNU/Linux ကတကယ့်ကို smart ကျပါတယ်။ သူ့အပော်မှာ အလုပ်လုပ်ရတာ အဆင်ပြေတာမို့ ကျနော့်အကြိုက်ဆုံး OS ထဲမှာ Debian ကထိပ်ဆုံးကပါနေတာပါ။ Perfect Debian ပါပဲဗျား .. အောက်မှာ ကျနော့် screenshots လေးပါ ..

MS Windows XP installing on Sun VirtualBox in Debian Lenny

MS Windows XP installing on Sun VirtualBox in Debian Lenny

MS Windows XP installation completing

MS Windows XP installation completing

Windows updating on Virtual Machine

Windows updating on Virtual Machine

Windows XP running on VirtualBox

Windows XP running on VirtualBox

Sun VirtualBox running on Debian Lenny

Sun VirtualBox running on Debian Lenny

အကယ်လို့ Sun VirtualBox ကို Linux မှာ install လုပ်ချင်ရင် အောက်လင့်မှာသွားပြီးယူနိုင်ပါတယ်။

http://www.virtualbox.org/wiki/Linux_Downloads

Enjoy with it! :-)

ဗမာပြည်မှာ online မှာ chess ကစားတဲ့သူ ဘယ်နှစ်ယောက်ရှိမလဲတော့ မသိဘူး။ ဒီပို့စ်မှာတော့ chess ဟာ ဘယ်လောက်ပော်ပြူလာဖြစ်ပြီး၊ ဘယ်နိုင်ငံတွေမှာ အများဆုံး ကစားကြတယ်ဆိုတာကိုတော့ မပြောတော့ပါဘူး။ ကျနော် Linux မှာ xboard နဲ့ ဘယ်လို online chess ဆော့တယ်ဆိုတာလောက် အခြေခံလေးရေးမှာပါ။ ဒီနေရာမှာ လိုအပ်တဲ့ Applications တွေကတော့ xboard (chess program), crafty (chess engine) နဲ့ scid (chess database app) တို့ဖြစ်ပါတယ်။ xboard ကတော့အခြေခံလိုအပ်တာပါ။ crafty နဲ့ scid မရှိပဲ online chess ကစားလို့ရပေမယ့် လေ့လာသူတွေအတွက်တော့ crafty engine နဲ့ scid က အရမ်းအသုံးဝင်ပါတယ်။ ကျနော့် Debian Machine မှာ ဒီလိုလေး install လုပ်ပါတယ်။

$ sudo install xboard crafty scid

xboard နဲ့ chess ဆော့ဖို့အတွက် Terminal ထဲမှာ ရိုးရိုးလေးပဲ သူ့နာမည်ကို ခော်လိုက်ရင်ရပါတယ်။ default size ကကျနော့်အတွက် အရမ်းကြီးနေလို့ နည်းနည်းပိုငယ်တဲ့ Bulky size ကို size option လေးထည့်ပြီး ခော်တာပါ။

$ xboard -size Bulky

human vs. machine

human vs. machine

ဒါကတော့ online မှာမဟုတ်ပဲ Machine နဲ့ ကစားမှာဖြစ်ပါတယ်။ online မှာဆော့ချင်ရင် free chess server တစ်ခုခုမှာ register လုပ်ဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ Free chess server တွေကတော့ freechess.org နဲ့ chesspark.com တို့ကတော့ လူအများဆုံး register လုပ်ပြီးကစားတဲ့နေရာတွေဖြစ်ပါတယ်။ ခုကျနော် နမူနာထဲမှာ freechess.org server ကို connect လုပ်ပြီး ကစားတာဖြစ်ပါတယ်။ Terminal မှာ အောက်က command line နဲ့ freechess server ကိုဝင်ရောက်ကစားနိုင်ပါတယ်။

$ xboard -ics -icshost freechess.org -size Huge

အဲဒါဆိုရင် xboard gui chess board ပော်လာမယ်။

starting xboard to connect freechess.org server

starting xboard to connect freechess.org server

openning GUI and connecting to server

openning GUI and connecting to server

ဒါပေမယ့် ကျနော်တို့ freechess.org server ကိုဝင်ဖို့အတွက် user name နဲ့ password လိုအပ်ပါမယ်။ အောက်ကပုံမှာ ကျနော့် login name: boxtwo နဲ့ password: **** တို့ကိုရိုက်သွင်းပြီး login လုပ်နေပါတယ်။

login to freechess.org server

login to freechess.org server

အပော်ကပုံအတိုင်း ကျနော့် login name နဲ့ password ကိုပေးပြီးတဲ့အခါ server သို့ connected ဖြစ်ပြီးဆိုတာကို အောက် ပုံမှာပြထားပါတယ်။

after logging in and connected to freechess.org to start a game

after logging in and connected to freechess.org to start a game

login ၀င်ပြီးလို့ connected ဖြစ်ပြီးချိန်မှာ ကိုယ်ယှဉ်ပြိုင်ကစားမယ့်သူကို seek ရမှာဖြစ်ပါတယ်။ ဒီလို seek တဲ့နေရာမှာ time (ကြာချိန်) နဲ့ rate (အဆင့်) ကိုထည့်ပေးပြီး seek ရမှာဖြစ်ပါတယ်။ chess ကစားနေကျသူဆိုရင် ဒါကိုတန်းပြီး သိမှာပါ။ နမူနာအနေနဲ့ ကြာချိန် ၀ မိနစ်ကနေ ၃ မိနစ်ကြားနဲ့ အဆင့် ၁၀၀၀ ကနေ ၁၅၀၀ ကြားကလူကို ကျနော် seek မှာဖြစ်ပါတယ်။ အဲဒီအတွက် inputs တွေက…

seek 0 3 1000-1500

inputting times and rates to seek a person

inputting times and rates to seek a person

အဲလိုရိုက်ထည့်ပေးပြီး စကဿကန့်အနည်းငယ်လောက် စောင့်ပါ။

seeking a person from online to play a game

seeking a person from online to play a game

အကယ်၍ အထက်ကပုံအတိုင်း ကိုယ့်ရဲ့ seeking ကိုတဖက်လူတစ်ယောက်ယောက်က လက်ခံရင် ကိုယ့် xboard gui chess board မှာလဲ အောက်ကပုံအတိုင်း boxtwo vs. HAL gooo ဆိုပြီး Title မှာလာပြပြီး ကိုယ်က အဖြူရောင်ဆိုရင် စတင်ရွေ့လို့ရပါပြီး။

playing with an online freechess.org member

playing with an online freechess.org member

ဒီလိုကစားရာမှာ Terminal နဲ့ Xboard GUI ကိုတွဲသုံးရမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က ရှုံးဟန်ပော်နေပြီးဆို resign လုပ်ဖို့ရာ res ကို input ပေးပြီး resign လုပ်နိုင်ပြီး နာက်တစ်ပွဲဆက်ကစားဖို့ကိုလဲ rem လို့ input ပေးပြီး rematch လုပ် ကစားနိုင်ပါတယ်။ အကယ်၍ ကိုယ်က freechess.org server ကနေထွက်ချင်ပြီးဆိုရင် Terminal မှာ ctrl + c ကိုတွဲနှိပ်ပေးလိုက်ရင် server ကနေ log out ဖြစ်သွားမှာပါ။

logout from freechess.org server

logout from freechess.org server

အထက်ကဖော်ပြထားတာတာ့ ကိုယ့် xboard program နဲ့ဆော့တာပါ။ အကယ်၍ web browser မှာပဲ တခါတည်းဆော့ချင်တယ်ဆိုလဲ အဲဒီအတွက် Jin Applet web application နဲ့ www.freechess.org မှာတန်းပြီး ဝင်ကစားလို့ရပါတယ်။

Jin Applet login on freechess.org

Jin Applet login on freechess.org

Jin Applet Web Application

Jin Applet Web Application

ဒီအောက်ကပုံကတော့ scid application ပုံပါ။

starting scid databas app

starting scid databas app

Enjoy it, chess hobbyists! :-)

Debian GNU/Linux distribution ဟာအရင်ကဆိုရင် time-base အတိုင်း release မလုပ်ပါဘူး။ ခုတော့ Debian ဟာ 2 year cycle release ထုတ်ဖို့ new policy ကို စပိန်နိုင်ငံမှာကျင်းပတဲ့ Debian’s Project Yearly conference အတွင်း တင်ပြပြီး သဘောတူ ဆုံးဖြတ်လိုက်ပါပြီ။ မကိန်းရှိတဲ့နှစ် (ဥပမာ 2009, 20011, 2013, …) December လမှာ Freezes ဖြစ်ပြီးတော့ စုံကိန်းရှိတဲ့နှစ် (ဥပမာ 2010, 2012, 2014, …) နွေဦးလောက်မှာ release ထုတ်ပါမယ်။ ပော်လစီကပြောင်းလိုက်ပြီဆိုတော့ ဒီနှစ် 2009 December မှာ Debian GNU/Linux 6.0 “Squeeze” ဟာ development freezes ဖြစ်ပြီးတော့ 2010 Spring လောက်မှာ release out မယ်လို့သိရပါတယ်။ ဒါဆိုရင် Debian 7.0 ဟာ 2011 December မှ Freezes ဖြစ်ပြီး 2012 Spring လောက်မှာမှာ Debian GNU/Linux 7.0 (codename မသိသေးပါ) ကို release ထုတ်မှာပါ။
ဒီ time-base freezes policy ဟာ users များအတွက် ရှေ့ကြိုတင်ခန့်မှန်းလို့ပိုမိုကောင်းမွန်လာသလို၊ developers များအတွက်လဲ long-term planning ကိုပိုမိုလုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။ နောက်ပြီး two-year cycle ဟာလဲ users များကို အပြောင်းအလဲများအတွက်အချိန်ပိုရရှိစေပြီး new release များနှင့်ပတ်သက်ပြီး အပြောင်းအလဲလုပ်ရာမှာ ဖြစ်ရသော စိတ်အနှောက်အယှက်ဖြစ်မှုများမှလဲ လျော့နည်းစေမှာဖြစ်ပါတယ်။

အကိုးအကား

have fun !

မနေ့ညက zawgyi keyboard package တစ်ခု google code svn ပေါ်တင်ခဲ့တယ်၊ အဲဒါ ဒီမနက်အလုပ်ကိုရောက်တော့ office က ကျနော့် workstation pc မှာ svn update လုပ်တာတို့ ဟိုပြောင်းဒီပြောင်းလုပ်တာတို့လုပ်ရင်း screenshots လေးလုပ်လိုက်တယ်၊ ဒီ cygwin-x “XWin Server” ဟာဘယ်လောက်အထိ အသုံးပြုရလွယ်ကူတယ်၊ ကျနော်တို့လို Linux crazy သမားတွေအတွက် Windows ပေါ်ရောက်နေတဲ့အခါမှာလဲ ဒီ cygwin လေးဟာ ကျနော်တို့အတွက် အသက်ရှုထွက်ပေါက်လေးတစ်ခုလို့ အသုံးဝင်စေပါတယ် ..
Windows ပေါ်မှာ svn သုံးဖို့အတွက် TortoiseSVN-1.6.* ရှိပေမယ့်လဲ သိတယ်မဟုတ်လား ;)

using Cygwin-x xterm for svn

using Cygwin-x xterm for svn

using Cygwin-x xterm for svn

using Cygwin-x xterm for svn

using xterm for svn

using xterm for svn

svn delete

svn delete

svn commit

svn commit

Edit changelog with GNU nano

Edit changelog with GNU nano

svn commit changelog file

svn commit changelog file

Have fun with Cygwin-x! :-)

free software song

March 22, 2009

ဒီသီချင်းလေးဟာ ကျနော်တို့ Free Software ကမ္ဘာကရေးထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ ..
သီချင်းရေးထားတဲ့သူကတော့ Richard Stallman ဖြစ်ပါတယ် .. ခံစားကြည့်ပါဗျား .. :-)
ခုကျနော်တင်ထားတဲ့ သီချင်းလေးက Rhythmic version ပါ ..

free software song rhythmic

[To the melody of Sadi Moma:]

Join us now and share the software;
You’ll be free, hackers, you’ll be free.
x2

Hoarders may get piles of money,
That is true, hackers, that is true.
But they cannot help their neighbors;
That’s not good, hackers, that’s not good.

When we have enough free software
At our call, hackers, at our call,
We’ll throw out those dirty licenses
Ever more, hackers, ever more.

Join us now and share the software;
You’ll be free, hackers, you’ll be free.
x2

အကယ်၍ streamline နားထောင်ချင်ပါက အောက်ကလင့်လေးကို ကူးယူပြီး သီးသန့် browser tab မှာဖြစ်ဖြစ်၊ တခြား player တစ်ခုခုနှင့်ပဲဖြစ်ဖြစ်နားထောင်နိုင်ပါတယ် ခင်ဗျား ..

http://www.gnu.org/music/free-software-song-rhythmic.mp3

source: http://www.gnu.org/music/free-software-song.html

have fun! :D

Follow

Get every new post delivered to your Inbox.