Ubuntu Linux မှာ မြန်မာဖွန့်သွင်းနည်း
February 19, 2010
မြန်မာဖွန့်အတွက် ကြိုက်နှစ်သက်ရာဖွန့်ကို Ubuntu Linux မှာ Install လုပ်နိုင်ပါတယ်။ ဒီ guide မှာ ဇော်ဂျီဖွန့်ကို ဥပမာနမူနာထားပြီး သွင်းမှာဖြစ်ပါတယ်။
ဇော်ဂျီဖွန့်နဲ့ Install script အထုတ်အပိုးကိုရယူခြင်း
အရင်ဆုံး zawgyi-keyboard.googlecode.com မှာ သွားပြီး zawgyi-keyboard package ကို download လုပ်ပါ။
zawgyi-keyboard package ဖြစ်တဲ့ latest version : zawgyi_keyboard-0.3.3.tar.gz ကိုရယူလိုက်ပါ။ ပြီးရင် အဲဒီ package ကို ကိုယ့်ရဲ့ Desktop ပော်မှာထားလိုက်ပါ။
Install Script နှင့် ဇှောဂျီဖွန့် ဇှောဂျီကီးဘုတ် သွင်းခြင်း
Terminal ကိုဖွင့်ပါ။ Terminal က Applications > Accessories > Terminal မှာပါ။
Terminal က အောက်ကလိုပွင့်လာမယ်။
Terminal ကိုဖွင့်ရတဲ့အကြောင်းရင်းက ကျနော်တို့ command line နဲ့ zawgyi keyboard ကို install လုပ်မလို့ပါ။ command line ဆိုလို့ ခက်ခက်ခဲခဲ command တွေ မှတ်သားထားရမယ်လို့ သိရမယ်လို့ မထင် လိုက်ပါနဲ့။ ခုသုံးမယ့် commands တွေက တကယ့် child play တွေပါ။ copy’n'paste လုပ်ပြီး သွားလဲရပါတယ်။
အခု ကျနော်တို့ Terminal ကနေ zawgyi-keyboard package ထားရှိရာ Desktop ဆိုတဲ့ နေရာကိုသွားရအောင် cd လို့ခော်တဲ့ (change directory) command ကိုသုံးပါမယ်။ Terminal ထဲမှာ အောက်က command line ကို copy’n'paste လုပ်ပေးလိုက်ပါ။ command ရှေ့က $ (dollar sign) ကို copy လုပ်စရာမလိုဘူးနော်။
$ cd ~/Desktop
ခုဆိုရင် ကျနော်တို့ စိတ်ထဲက virtual နည်းနဲ့ Terminal ကနေ Desktop ဆိုတဲ့နေရာကိုရောက်ပါပြီ။ ကျနော်တို့ ls ဆိုတဲ့ (list) command ကိုဆက်သုံးပြီး Desktop ပော်မှာရော ကိုယ်ထားတဲ့ zawgyi-keyboard package ရှိ မရှိကို ပြန်စမ်းစစ်ကြည့်တဲ့သဘောပါ။
$ ls
ls ဆိုတာက list ဆိုတဲ့ သဘောကိုဆောင်တဲ့အတွက် Desktop ပော်မှာရှိသမျှ files, pictures စတာတွေကို list လုပ်သလိုဖော်ပြပေးမှာပါ။ ကျနော်တို့ထားထားတဲ့ zawgyi_keyboard-0.3.3.tar.gz ရှိတယ်ဆိုပါတော့ ကဲ ဘာဆက်လုပ်ရမလဲ? အဲဒီ package က tar ဆိုတဲ့ program ငယ်နဲ့ ချုံ့ထားတဲ့အတွက် ကျနော်တို့ အဲဒါကို ပြန်ဖြည်ပေးဖို့လိုအပ်တယ်။ ဒါမှ အထဲမှာ ဘာရှိလဲဆိုတာ သိနိုင်မှာပါ။ အထဲကဟာတွေ ဘာတွေလဲ သိမှ ဆက်ပြီး အလုပ်လုပ်လို့ရမှာပါ။ အောက်က command ကို ကိုယ့်ရဲ့ Terminal ထဲမှာ copy’n'paste လုပ်ပြီး Enter ခေါက်ပြီး run လိုက်ပါ။
$ tar xzf zawgyi_keyboard-0.3.3.tar.gz
ဒီ command line မှာ tar ဆိုတာက zip program လိုမျိုး ဖိုင်တွေကို achive, extract လုပ်ပေးတဲ့ Unix & Unix-Like system တွေမှာ အသုံးများတဲ့ program ငယ်ပာ။ xzf ဆိုတာက options တွေပာ။ options တစ်ခုချင်းစီရဲ့လုပ်ဆောင်ချက်ကို သိချင်ရင် ဒီ $ tar –h ဒာမှမဟုတ် $ tar --help ကို Terminal ထဲရိုက်ပြီး ကြည့်လိုက်ပာ။ နောက်တမျိုးက man ဆိုတဲ့ program နဲ့လဲ သက်ဆိုင်ရာ program တွေရဲ့ manual pages တွေကို ကြည့်လို့ရပာသေးတယ်။ ဥပမာ $ man tar လို့ Terminal ထဲမှာရိုက်ပြီး tar program ရဲ့ manual ကို ကြည့်နိုင်ပာသေးတယ်။ ဒီနေရာမှာ ကြားဖြတ်ပြောရမယ်ဆိုရင် tar xzf zawgyi လို့ Terminal ထဲမှာရိုက်ပြီးချိန်မှာ keyboard ပော်က Tab key ကိုခေါက်ကြည့်ပါ။ Bash Shell ရဲ့ autocomplete က နောက်ကဆက်လိုက်ပါလာတဲ့ _keyboard-0.3.3.tar.gz ကို သူ့ဟာသူဖြည့်သွားပေးမှာပါ။ ဒီလိုဆိုရင် command line ကို type ရတာလဲ သက်သာပြီး အမှားလဲ နည်းနိုင်ပါတယ်။ ခဏကပြောတဲ့ Bash Shell ဆိုတာက Bourne-again Shell ပာ။ Linux Distributions တွေတိုင်းမှာလိုလို Default shell အနေနဲ့ပာလာတက်ပာတယ်။ Ubuntu Linux မှာက Definitely အဲဒီ shell ကိုအသုံးပြုပာတယ်။
ကဲ tar ball ဖြည်ပြီးရင် ဘာဆက်လုပ်ရမလဲ? ကျနော်တို့ ls ကိုသုံးပြီး Desktop ပော်မှာ ဘာတွေဖြစ်ပျက်သွားလဲ ကြည့်ရအောင် Terminal ထဲမှာ ls ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ရအောင်..
$ ls
ဘာတွေ့မလဲဆိုတော့ zawgyi ဆိုတဲ့ folder တစ်ခုတိုးလာတဲ့အတွက် zawgyi ဆိုတာကိုတွေ့လိမ့်မယ်။
ဟုတ်မဟုတ် ကိုယ့် Desktop ကို ပြန်ကြည့်နိုင်တယ်။ zawgyi folder ကိုတွေ့မှာပါ။ ကျနော်တို့ zawgyi folder ထဲကို Terminal ထဲကနေ အောက်က command သုံးပြီး ဆက်ဝင်ရအောင် ..
$ cd zawgyi
Terminal ကနေဘာ error မှ မပြဘူးဆိုရင် ကျနော်တို့ zawgyi folder ထဲရောက်သွားပါပြီး။ zawgyi folder ထဲမှာ ဘာတွေပါလဲဆိုတာ ls နဲ့ ကျနော်တို့ ထပ်ကြည့်ပါအုံးမယ်။
$ ls
အောက်ကပုံကိုကြည့်ပါ။ ခင်ဗျားနဲ့ Terminal ထဲမှာလဲ အောက်ကပုံနဲ့ဆင်တူတွေ့မှာပါ။ Desktop ပော်မှာလဲ zawgyi folder ထွက်လာတာကိုလဲတွေ့မှာပါ။
ဒီအဆင့်ရောက်ပြီးဆိုရင်တော့ ကျနော်တို့ installation ကို စတင်လုပ်တော့မှာပါ။ ဒီ package မှာ အားလုံးလွယ်ကူစေဖို့အတွက် ဇော်ဂျီဖွန့်ရော လိုအပ်တဲ့ဖိုင်တွေရော python script ရောထည့်ထားပေးပါတယ်။ ခင်ဗျားက ထည့်ထားပေးတဲ့ zawgyi_keyboard.py ဆိုတဲ့ python script ကို run ပြီး install လုပ်တာတို့ remove လုပ်တာတို့ font upgrade လုပ်တာတို့ လုပ်နိုင်ပါတယ်။ အရင်ဆုံးအဲဒီ script ကို run ရအောင် အောက်က command line ကို run ပေးပါ။
$ sudo python zawgyi_keyboard.py
ဒီ command line မှာ sudo ဆိုတာ sudoer (super user) အသုံးပြုအနေနဲ့ run မယ်လို့ ပြောတာပါ။ နောက်ကဆက်လိုက်လာတဲ့ python ဆိုတာ Python လို့ နာမည်ရတဲ့ Interpreter ပါ။ ဘာလို့ Python Interpreter ကို zawgyi_keyboard.py ရဲ့အရှေ့မှာခံပြီး run လဲဆိုတော့ .py extension ပါတဲ့ zawgyi_keyboard.py ဟာ Python Programming အသုံးပြုပြီးရေးသားထားတဲ့ ဖိုင်ဖြစ်သလို့ Python ဆိုတဲ့ command ကိုသုံးမှ Python Interpreter က zawgyi_keyboard.py script ကို ကွန်ပြူတာနားလည်အောင် လုပ်ဆောင်ပေးနိုင်အောင်လို့ပါ။ ကဲကျနော်တို့ install လုပ်တဲ့ အလုပ်ဆက်လုပ်ရအောင်။ အောက်ကပုံကို ကြည့်ပါ။ ပုံထဲကအတိုင်း zawgyi_keyboard.py script က စတင် run နေပါပြီး။ ကိုယ့် Terminal ထဲမှာလဲ ကြည့်ပါ။ ဘာစာသားတွေဖော်ပြနေပြီး ဘာ information တွေ ခင်ဗျားကို ပေးနေသလဲဆိုတာ လေ့လာပါ။
အဲဒီထဲမှာ install, remove, help, exit .. စတာတွေကိုတွေ့ရမှာပါ။ ကျနော်တို့က install လုပ်ချင်တဲ့အတွက် Install လုပ်ဖို့ရရာ small letter i ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ s ကို နှိပ်ပါက show font ဆိုတဲ့ function ကို ခော်တဲ့အတွက် လက်ရှိစက်ထဲကို install လုပ်လိုက်တဲ့ဖွန့်နဲ့ Web မှာနောက်ဆုံးထွက်ရှိနေတဲ့ font ကိုယှဉ်ပြ ပေးမှာပါ။ ဒါပေမယ့် ကိုယ့်စက်မှာ အင်တာနက်ချိတ်ဆက်ထားမှ အဲဒီ function ကအလုပ်လုပ်မှာပါ။ ကျနှောတို့ Install လုပ်ရအောင် i ကို keyboard ကနေရိုက်ပြီး Enter ခောက်လိုက်ပာ။ အဲဒာဆိုရင် Python script က ဇှောဂျီဖွန့်နဲ့ ဇှောဂျီကီးဘုတ်ကို သက်ဆိုင်ရာနေရာဆီကို copy လုပ်ပေးခြင်းအားဖြင့် Install လုပ်ပေးမှာပာ။
ခုဆိုရင် ခင်ဗျားစက်ထဲမှာ ဇော်ဂျီဖွန့်နဲ့ ဇော်ဂျီကီးဘုတ်ရောက်နေပါပြီး။ ဇော်ဂျီနဲ့ရေးထားတဲ့ အင်တာနက်စာမျက်နှာတို့ ကြည့်နိုင်ပါပြီး။ ကျန်တဲ့ options တွေကိုလဲ လိုအပ်ရင်လိုအပ်သလို ချက်ချင်းကို run နိုင်ပာတယ်။ ဒာမှဟုတ် ဒီ running script ကို exit လုပ်ပြီးမှ ပြန် run လိုကလဲ ပြန် run ပြီး install, remove, upgrade စတာတွေကို ဆက်လုပ်ပေးလို့ရပာတယ်။ အောက်ကပုံလေ့လာခြင်းအားဖြင့်လဲ သိနိုင်ပာတယ်။
ကျနှောတို့ ဖွန့်နဲ့ကီးဘုတ်ကိုသွင်းပေးပြီးတဲ့နောက်မှာ စာရိုက်ဖို့အတွက် US ကီးဘုတ်ကနေ MMR ကီးဘုတ်ပြောင်းဖို့အတွက် Keyboard Indicator ကို အသုံးပြုဖို့လိုအပ်ပာမယ်။ အဲဒီ Keyboard Indicator ကို မြင်သာအောင် Panel ပှောမှာ အရင်တင်ရအောင် Panel ပှောမှာ mouse pointer ထောက်ပြီးတော့ Right Click နှိပ်လိုက်ပာ။
အေပာှကပံုမွာေပာှလာတဲ့ ဿPop-Up Menu ထဲက Add to Panel… ဆိုတာကို Left Click နှိပ်ပေးလိုက်ပာက အောက်က ပုံအတိုင်း ထပ်ပှောလာမယ်။
အဲဒီအထဲက scroll bar ကိုဆွဲချပြီး အောက်ကပုံမှာမြင်ရတဲ့ Keyboard Indicator ဆိုတဲ့ဟာကို တွေ့အောင်ရပာမယ်။
ပုံထဲကလို Keyboard Indicator ကို select လုပ်ပြီးရင်တော့ အောက်နားလေးမှာရှိနေတဲ့ Add ဆိုတဲ့ button ကိုနှိပ်ပေးလိုက်ပာ။ အဲဒီခာမှာ ကိုယ့်ရဲ့ Panel ထဲမှာ USA ဆိုပြီး လက်ရှိကီးဘုတ်တကေဿငတကိုဖှောပြ ပေးနေပာပြီ။
ဒီအဆင့်ရောက်ရင် ကျနှောတို့ Myanmar Keyboard option ကိုလဲ Keyboard Indicator Program မှာထည့်မှာမို့ Panel ပှောမှာ ပှောနေတဲ့ USA ဆိုတဲ့ စာလုံးပှောမှာ Right Click နှိပ်ပေးလိုက်ပာ။ အောက်က ပုံအတိုင်းမြင်လာပာမယ်။
ပုံထဲမှာမြင်တဲ့ Pop-Up Menu ကနေပဲ Keyboard Preferences ကိုဆက်ပြီး Left Click နှိပ်ပေးလိုက်ပာက အောက်ပုံအတိုင်း Keyboard Preferences Windows ငယ်လေးပှောလာပာမယ်။
အပှောမှာမြင်ရတဲ့ ပုံထဲက Layouts Tab ကို သွားလိုက်ရင် အောက်ကပုံအတိုင်း Layouts Tab Window ဆီကိုရောက်သွားမယ်။
ပုံထဲမှာ Keyboard Layout အသစ်ကိုထည့်ဖို့အတွက် Add.. ဆိုတဲ့ button ကိုတွေ့လိမ့်မယ်။
Add.. button ကိုနှိပ်လိုက်ပာက အောက်ကပုံအတိုင်း Choose a Layout ဆိုတဲ့ Window အသစ်တခုထပ်ပှောလာပာမယ်။
ပုံထဲမှာ Afghanistan ဆိုတဲ့ button မှာ down arrow မြှားလေးပာ။ ကျနှောတို့က Myanmar Keyboard Layout ကိုသုံးချင်တာဆိုတော့ Myanmar ဆိုတာကို down arrow ကိုနှိပ်ပြီး scroll down လုပ်ရင်း ရှာပာမယ်။ Myanmar ကိုတွေ့ရင် Left Click နှိပ်ပြီး ရွေးချယ်ပေးလိုက်ပာ။ အောက်ကပုံအတိုင်းမြင်ရပာမယ်။
အပှောကပုံမှာမြင်ရတဲ့အတိုင်း Add button လေးကိုနှိပ်ပေးလိုက်တဲ့အခာ Keyboard Preferences Layouts Tab မှာ USA ပြီးတော့ Myanmar ဆိုတာပှောလာမှာပာ။
ဒာဆိုရင် ကျနှောတို့စက်မှာ USA ရော Myanmar ကီးဘုတ်ရော အသုံးပြုလို့ရနေပာပြီ။ နောက်တစ်ခုထပ်လုပ်ပေးဖို့လိုသေးတာက အဲဒီ ကီးဘုတ်နှစ်ခုအတွက် ဘာ keys အသုံးပြုပြီး ကီးဘုတ်ပြောင်းမလဲ ဒာမှမဟုတ် keyboard layout ကို နှစ်ခုအကြား switch လုပ်ဖို့ ဘာ shortcut keys အသုံးပြုမလဲဆိုတဲ့ Layout Options setting လေးထားပေးဖိုပာ။ အဲလိုထားပေးလိုက်ခြင်းအားဖြင့် shortcut keys လေးကိုနှိပ်ပေးရုံနဲ့ ဘီးဘုတ်ပြောင်းလဲသွားစေပာတယ်။ ဒာကြောင့် အပှောကပုံမှာမြင်ရတဲ့ Layout Options button လေးကိုဆက်နှိပ်ပေးပြီး Keyboard Layout Options ဆီကိုသွားရအောင်။ အောက်ကအတိုင်း Keyboard Layout Options Window ငယ်ထပ်ပှောလာပာမယ်။ အဲဒီအထဲမှာ ကိုယ်နှစ်သက်ရာ option ကိုရွေးချယ်နိုင်ပာတယ်။
Key(s) to change layout ထဲမှာ ကိုယ်ကြိုက်တဲ့ keys အတွဲကိုရွေးချယ်ပေးပြီးရင်တော့ ဖွင့်ထားတဲ့ Keyboard Layout Windows တွေကို ပိတ်နိုင်ပာပြီ။ အရင်က ဇှောဂျီဖွန့်နဲ့ရေးထားတဲ့ အင်တာနက်စာမျက်နှာတွေ ဖိုင်တွေကို ဇှောဂျီဖွန့်နဲ့ အမှန်အတိုင်းမြင်ရတဲ့အဆင့်ကနေ ခု ဇော်ဂျီကီးဘုတ်နဲ့လဲ စာရိုက်နိုင်ပါပြီး။ အောက်က ပုံကိုကြည့်ပါ။ ဇော်ဂျီကီးဘုတ်က မှန်မှန်ကန်ကန်ပေါ်ခြင်းရှိ မရှိ gedit ဆိုတဲ့ Text editor နဲ့ စမ်းရိုက်ကြည့်တာပါ။
ဒာဆိုရင် ကျနှောတို့ရဲ့ Ubuntu Linux မှာ ဇှောဂျီဖွန့်ကိုမြင်ရပြီး ဇှောဂျီကီးဘုတ်နဲ့ရိုက်နိုင်ပာပြီ။
အပှောက နမူနာနည်းနာအတိုင်း myanmar3 unicode ဖွန့်ကိုလဲ သွင်းနိုင်ပာတယ်။ myanmar3 unicode font နဲ့ package ကိုတော့ mm3-keyboard package လို့ခှောပြီး ခု lastest version က mm3-keyboard-0.1.1.tar.gz ပာ။ အဲဒီ package ကို zawgyi-keyboard.googlecode.com မှာ ရယူ download နိုင်ပာတယ်။ အဲဒီ zawgyi-keyboard project မှာရှိတဲ့ keyboard packages တွေကတော့ free of charge ပာပဲ။ အလကားပေးပာတယ်။ ကိုစေတန်နဲ့ကျနှောတို့က ကိုယ့်အတွက်ကိုယ်လုပ်ရင်း သူများကိုလဲ ဝေငှပေးတဲ့သဘောပာပဲ။ အားလုံးလွတ်လွတ်လပ်လပ်ယူသုံးနိုင်ပာတယ်။
download PDF
Enjoy!
how to get zawgyi keyboard on XFCE desktop
September 24, 2009
GNOME desktop ပော်မှာ ဇော်ဂျီကီးဘုတ်သွင်းပြီးလို့ အဂဿဿငလိပ်မြန်မာ ကီးဘုတ်ပြောင်းဖို့အတွက်လည်း keyboard indicator ဆိုတဲ့ပရိုဂရမ်လေးရှိနေတာကြောင့် ဇော်ဂျီမြန်မာဖွန့် ရိုက်ရတာအဆင်ပြေပါတယ်။ ဒါပေမယ့် XFCE လို့ခော်တဲ့ desktop ပော်မှာတော့ Keyboard Indicator တို့လို ပရိုဂရမ်မရှိတာကြောင့် စတင်အသုံးပြုသူ beginners များအဖို့ ဇော်ဂျီမြန်မာကီးဘုတ်အသုံးပြုဖို့အတွက် ပြသဿသနာတက်ရပါတယ်။ ဒါကြောင့် စတင်အသုံးပြုသူများ desktop ရွေးချယ်အသုံးပြုရာမှာ စိုးရိမ်လေ့ရှိတဲ့ မြန်မာဖွန့်သုံးလို့ရပါ့မလား ဆိုတဲ့ စိုးရိမ်မှုမျိုး ကင်းဝေးရအောင် ဒီပို့စ်လေး ရေးလိုက်ပါတယ်။ XFCE desktop က အများသိကြအတိုင်းပဲ အရမ်းပေါ့ပါး မြန်ဆန်ပြီး လှပတဲ့ desktop program ဖြစ်ပါတယ်။ သူ့အပော်မှာ ဇော်ဂျီကီးဘုတ်သွင်းချင်ရင်လဲ အလွယ်လေးပါ။ zawgyi-keyboard google code project ကနေ ခုလက်ရှိနောက်ဆုံး version ဖြစ်တဲ့ zawgyi-keyboard-0.3.2.tar.gz ကို download လုပ်ချပြီး install guide အတိုင်း install လုပ်ပေးပါ။
ပြီးရင် xorg.conf ဖိုင်မှာ myanmar keyboard [mm] ကိုထည့်ပေးပါ။ ထည့်ပုံက နှစ်သက်ရာ text editor တစ်ခုခုဖြင့် /etc/X11/xorg.conf ဖိုင်ကို အောက်ကအတိုင်း InputDevice Session မှာ ပြင်ပေးပါ။
$ sudo mousepad /etc/X11/xorg.conf
Section "InputDevice"
Identifier "Generic Keyboard"
Driver "kbd"
Option "XkbRules" "xorg"
Option "XkbModel" "pc104"
Option "XkbLayout" "us,mm"
EndSection
ပြင်ပြီး save လုပ်ပြီး ဖိုင်ကို သိမ်းလိုက်ပါ။ နောက်တစ်ခုထပ်လုပ်ရမှာ shell program file တစ်ခုပါ။ fixkeyboard လို့နာမည်ပေးလိုက်ပါ(အမှန်တော့ ကိုယ်နှစ်သက်တဲ့အမည်ပေးနိုင်ပါတယ်၊ ကိစဿစမရှိပါ)။ အဲဒီဖိုင်ကို /usr/bin အောက်မှာ save ပြီး သိမ်းပေးပါ။
$ sudo mousepad /usr/bin/fixkeyboard
#!/bin/bash
setxkbmap -option grp:switch,grp:alt_shift_toggle us,mm
ပြီးရင် save ပြီး သိမ်းလိုက်ပါ။ ဒီနေရာမှာ switcher key toggle အတွက် ကိုယ်ကြိုက်တဲ့ options ထားနိုင်ပါတယ်။ အောက်မှာ တခြား switch options တွေပါ။
alt_shift_toggle
ctrl_shift_toggle
ctrls_toggle
wins_toggle
စတာတွေကို ကြိုက်ရာ အစားသွင်း အသုံးပြုနိုင်ပါတယ်။ ပြီးရင် အောက်က command line လေးကိုလဲ run ပေးလိုက်ပါ။
$ sudo chmod +x /usr/bin/fixkeyboard
နောက်ပြီး logout မလုပ်ခင် Autostarted Applications မှာ အဲဒီ file လေးကို ထည့်ပေးခြင်းအားဖြင့် နောက် login ဝင်တဲ့အချိန်အတိုင်း auto run ပေးမှာပါ။ Autostarted Applications ကို run ဖို့အတွက် Desktop ပော်ကို right-click နှိပ်ပါ။ menu ပော်လာမယ်။ အဲဒီကနေ Settings >> Autostarted Applications ကိုရွေးနှိပ်ပေးခြင်းအားဖြင့် အောက်ကပုံအတိုင်း Autostarted Applications Window ပော်လာမယ်။ ပုံထဲကအတိုင်းပဲ Add ကိုနှိပ်ပေးပြီး တောင်းခံတဲ့ ကွက်လပ်တွေကို ဖြည့်ပေးပါ။

Add application on Autostarted Applications
Name: fixkeyboard
Description: Keyboard Switcher
Command: /usr/bin/fixkeyboard
ပြီးရင် OK နှိပ်၊ ပိတ်ပြီး Logout လုပ်ပေးလိုက်ပါက အခြား desktop တွင်အသုံးပြုသလို toggle key switch ပြီး အဂဿငလိပ် ဇော်ဂျီမြန်မာကီးဘုတ်ကို ပြောင်းနိုင်ပါပြီး။ mousepad ကိုဖွင့်ပြီးတော့ ဇော်ဂျီကီးဘုတ် ကို စမ်းသပ်နိုင်ပါတယ်။

testing zawgyi font on mousepad
Enjoy with it!
how to upgrade zawgyi font from online
August 26, 2009
မနေ့ညကထုတ်လိုက်တဲ့ zawgyi-keybaord-0.3.1 release မှာ Zawgyi-One_2009_August_25_v4.19.ttf နဲ့အတူ ပူးတွဲပြီးထွက်ပါတယ်။ ဒီနေ့ည ကိုစိုးမင်းက Zawgyi-One_v4.20_August_26_2009.ttf ကိုထုတ်လိုက်တဲ့အတွက်ကြောင့် ကံကောင်းစွာ ဒီ howto ကို အားခြင်းဖော်ပြခွင့်ရပါတယ်။ ဖွန့်အသစ် upgrade လုပ်သူများအနေနဲ့ မိမိ၏စက်မှာ online ဖြစ်မနေပါကလဲ ယခင်ပြခဲ့တဲ့နည်းအတိုင်း `man upgrade` function နဲ့ downloaded font ရဲ့ local saved directory ကို Enter လုပ်ပေးခြင်းအားဖြင့် upgrade လုပ်နိုင်ပါတယ်။ ခုအောက်မှာ screenshots လေးတွေနဲ့ online upgrade function နဲ့ ဘယ်လို font upgrade လုပ်သလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပုံမှန်အတိုင်း ပထမဦးစွာ zawgyi-keybaord-0.3.1.tar.gz ကို extract လုပ်မယ်၊ `zawgyi` ဖိုဒါထဲဝင်မယ်။ ပြီးရင် `zawgyi_keyboard.py` script ကို python နဲ့ run ပေးပြီး program ကိုစရအောင်၊ sudo ဒါမှမဟုတ် su ခံသုံးပေးဖို့လဲ လိုပါမယ်။ ကျနော် ခု နမူနာပြတာက downloaded package က desktop ပော်မှာထားတာပို့ Desktop ထဲဝင်ပြီး စပါမယ်။
$ cd Desktop
$ tar zawgyi-keyboard*.tar.gz
$ cd zawgyi
$ sudo python zawgyi_keyboard.py

extract package & start running zawgyi_kyeboard.py
ဒီနေရာမှာ ကျနော် `i` ကိုရိုက်နှိပ်ပြီး package ကို install လုပ်ပါမယ်၊ လုပ်ရတဲ့အကြောင်းက package ထဲကဖွန့်က v4.19 ရှိသေးတာကို မြင်စေချင်တာရယ်၊ နောက်ပြီး ဒီ zawgyi-keyboard-0.3.1 မှာ kokhy fixed လုပ်ထားပေးတဲ့ mm file အသစ်ပါတာရယ်ကြောင့် install လုပ်ပါတယ်။

press `i` to install package
Installation ပြီးတဲ့အခါမှာ ကျနော် `s` ကိုရိုက်နှိပ်ပြီး show_font function ကို run ပါတယ်၊ ဒီ function က စက်ထဲ installed လုပ်ထားတဲ့ ဇော်ဂျီဖွန့်နဲ့ ခုလက်ရှိနောက်ဆုံးထွက်လာတဲ့ ဇော်ဂျီဖွန့်ကို ယှဉ်တွဲဖော်ပြပေးမှာပါ။ အောက်ကပုံမှာကြည့်ခြင်းအားဖြင့် ကျနော့်စက်ထဲက ဇော်ဂျီဖွန့်က `Zawgyi-One_2009_August_25_v4.19.ttf` ဖြစ်ပြီး လက်ရှိ online မှာနောက်ဆုံး ထွက်နေတာက `Zawgyi-One_v4.20_August_26_2009.ttf` ဆိုတာဖြစ်တဲ့အကြောင်း ဖော်ပြပေးနေပါတယ်။ ပုံထဲမှာ Current installed font ဆိုတာက ကိုယ့်စက်ထဲမှာ သွင်းထားတဲ့ဖွန့်ကိုပြောတာဖြစ်ပြီး Online available latest font ဆိုတာက ကိုယ့်မှာမရှိသေးပဲ အင်တာနက်ပော်မှာ ထွက်ရှိနေပြီဖြစ်တယ်ဆိုတာကို ဆိုလိုပါတယ်။

press `s` to show & compare fonts
ကိုယ့်စက်က Internet connection ရှိနေတယ်ဆိုပါက `o` ကိုရိုက်နှိပ်ပြီး တခါတည်း download ပြီးတော့ upgrade လုပ်နိုင်ပါတယ်။ အောက်ကပုံလေးကိုကြည့်ပါ။

press `o` to upgrade font from Internet
ပြီးတဲ့အခါ show_font function နဲ့ တခါပြန်ပြီး စစ်ဆေးနိုင်ပါတယ်။ ကိုယ့်စက်မှာ တကယ်ပဲ upgrade ဖြစ်သွားလား ဒါမှမဟုတ် နောက်ထပ် latest available font ထွက်ကို စမ်းစစ်နိုင်ပါတယ်။

press `s` to check fonts & `q` to exit program
Have fun with your zawgyi-keyboard package!
how to upgrade zawgyi font with zawgyi_keyboard.py
August 6, 2009
မနေ့က ကိုစိုးမင်းရဲ့ development version `new zawgyi font` Zawgyi-One_2009_August_5_rev01 ထွက်ပါတယ်။ ဒီ font အသစ်ကို zawgyi_keyboard.py script နဲ့ ဘယ်လို update လုပ်တယ်ဆိုတာ users များ ပိုရှင်းသွားအောင် ရှင်းပြပါမယ်။
ပထမဦးဆုံး font ကို အောက်ကလင့်ကနေ download လုပ်ယူုပါ…
http://newzawgyi.googlecode.com/svn/font.file/
download လုပ်ပြီးလို့ font က Desktop ပေါ်မှာ ရှိမယ်ပေါ့၊ new font ကို executable ဖြစ်အောင် ‘chmod’ နဲ့အရင်ဆုံး ပြောင်းထားမယ်၊ Terminal ကိုဖွင့်ပြီး ဖွန့်ရှိရင် Desktop ဆီကို directory change ပြီး အောက်က command line နဲ့ executable mood ကိုပြောင်းမယ်။
$ cd ~/Desktop
$ chmod 755 Zawgyi-One_2009_August_5_rev01.ttf
အောက်ကပုံကိုကြည့်ရင် သိတာပါတယ် chmod က excutable ဖြစ်ပြီးရင် အမဲရောင်ကနေ အစိမ်းရောင်ပြောင်းသွားတာကို သတိထားမိခြင်းအားဖြင့် သိသာပါတယ်။

downloaded font and change executable mood
update လုပ်မယ့် new font ကို ပြင်ဆင်ပြီးရင်တော့ ကျနော်တို့ zawgyi_keyboard.py script ကို run ဖို့ပြင်ဆင်ရအောင် ထုံးစံအတိုင်း source package ကိုဖြည် ပြီးရင် source directory ထဲဝင်ပြီး python နဲ့ script ကို run ရအောင်။ source package ကိုဖြည်ပြီးသားဖြစ်ရင်တော့ အောက်က steps တွေကိုကျော်သွားနိုင်ပါတယ်။ နောက်တစ်ခုက ဒီ zawgyi-keyboard-0.3.0 package ကနေ install မလုပ်ရသေးရင် i ကိုနှိပ်ပြီး အရင် install ပေးလိုက်ခြင်းအားဖြင့် font upgrading process ကို အကူအညီဖြစ်စေမှာပါ။ အောက်က steps တော့ zawgyi-keyboard-0.3.0.tar.gz ကိုဖြည်ပြီး zawgyi source directory ထဲ ၀င်ပြီး zawgyi_keyboard.py script ကို python နဲ့ စတင်လိုက်တာပါ။ package ကိုထုံးစံအတိုင်း Desktop ပေါ်မှာရှိတယ်လို့ ယူဆမယ်နော်…
$ cd ~/Desktop
$ tar xzf zawgyi-keybaord-0.3.0.tar.gz
$ cd zawgyi

preparing zawgyi_keyboard.py script to run
အောက်မှာ zawgyi_keyboard.py ကို စတင် run ပြီးတဲ့နောက် u ကိုနှိပ်ပြီး font update လုပ်ဖို့ စတင်ပြီး downloaded font path directory ကိုမေးတဲ့ပုံပါ…
$ sudo python zawgyi_keyboard.py
pressed `u` for font update
pressed `y` for confirm continuous

starting zawgyi_keyboard.py script

proceeding font update
ဒီနေရာမှာ downloaded font ရဲ့တည်ရှိရာ directory ကိုမေးတဲ့အတွက် ကျနော်တို့က font ရှိရာနေရာကို ရိုက်သွင်းပေးရမယ်…
ကျနော်တို့အပေါ်က ပြင်ဆင်ထားပြီးသားရှိပြီးသားမို့ တည်ရှိရာ နေရာက `/home/box02/Desktop` ကို ရိုက်ထည့်ပေးလိုက်ပါတယ်။
Enter you downloaded font directory : /home/box02/Desktop
ပြီးရင် program က installed font နဲ့ download new font ကိုယှဉ်ပြပါမယ်၊ အောက်က ပုံမှာတွေ့တဲ့အတိုင်း ..
Your new given font is /home/box02/Desktop/Zawgyi-One_2009_August_5_rev01.ttf
Current installed font is ['/usr/share/fonts/zawgyi/Zawgyi-One_2009_Jul_30_rev01.ttf']
ဒီနေရာမှာ current installed font ထက် new font က ပိုပြီး version မြင့်တဲ့အတွက် ကျနော်တို့က font upgrading ကို ဆက်လက်လုပ်ဆောင်ဖို့အတွက် y ကိုထက်နှိပ်ပြီး upgrading completed ဖြစ်ဖို့အတွက် ထက်ပြီး confirm လုပ်ပါတယ်။

entering new font directory path

continuouing font upgrading and exit program
အဲဒါတွေပြီးတဲ့အခါမှာ zawgyi font install directory ကို control လုပ်ကြည့်ခြင်းအားဖြင့် ကိုယ့်ဖွန့်အသစ်ရောက်ရှိနေပြီဖြစ်ကြောင်း သိနိုင်ပါတယ်။
$ ls /usr/share/fonts/zawgyi

checking updated font
ခုဆို step by step font upgrading ပြီးပါပြီ ![]()
ဒီ how to ကို ubuntu linux ပေါ်မှာ နမူနာပြထားပါတယ်။
enjoy it!
How to install zawgyi font on FreeBSD Gnome2
July 18, 2009
ခုနောက်ပိုင်း ပီစီကွန်ပျူတာအသုံးပြုသူတွေအတွက် Operating Systems စိတ်ကြိုက်ရွေးချယ်အသုံးပြုဖို့ အခွင့်အရေးတွေ အလွန့်အလွန်များစွာရှိလာပါပြီ.. ဟိုတုန်းကလို MS Windows တစ်ခုတည်းနဲ့ လုံလောက်ကျေနပ်မှုတွေ မရှိတော့ပဲ အဲဒီထက်ပိုမိုကောင်းမွန်တဲ့ Operating Systems တွေကိုရွေးချယ် အသုံးပြုလာကြပါတယ်၊ ဥပမာ Linux, Unix systems တွေထဲမှာပဲ ရွေးချယ်စရာတွေက တပုံတပင်ရယ်ပါ။ Linux distributions တွေကိုပဲကြည့်ရင် Ubuntu, Debian, Fedora, Gentoo စသည်ဖြင့် မြောက်များစွာသော Open Source Operating Systems စသည်ဖြင့်များစွာရှိနေပါပြီ။ Desktop Users များအတွက်လဲ အင်မတန်ကောင်းမွန်သင့်တော်နေပါပြီ.. ဒီလို perfect desktop system ကောင်းတွေရှိသော်လည်း တချို့ကျပြန်တော့ Real Unix ကိုပဲသုံးချင်ကြပါတယ်။ အရင်တုန်းက Unix ကို Desktop User များ အသုံးပြုခဲလှသော်လည်း ခုခါမှာ Unix ကို Desktop အသွင် အသုံးပြုလာကြပါပြီ။ PC-BSD, DesktopBSD တို့ကိုကြည့်မယ်ဆိုရင် FreeBSD ကို base ခံပြီး Desktop Use အတွက် customize လုပ်လာကြပါတယ်။ FreeBSD ကတော့ တကယ့်ကို complete operation system တစ်ခုပါ။ Open Sources လဲ ဖြစ်ပါတယ်။ တချို့ကလဲ FreeBSD ကိုပဲ ကိုယ့်ဟာကိုယ် customize လုပ်ပြီးသုံးချင်ကြပါတယ်။ PC-BSD နဲ့ DesktopBSD တို့က offer လုပ်တဲ့ pre-customize system နဲ့ KDE desktop environment ကို မကြိုက်ကြပဲ ကိုယ်ကြိုက်တဲ့ Desktop Environment နဲ့အတူ kernel ကိုလဲ ကိုယ့်စိတ်ကြိုက် customize လုပ်ပြီး Desktop Use အတွက် သုံးနေကြပါတယ်။ ဒီလို FreeBSD ကိုကိုယ့်ဟာကိုယ် customize လုပ်ပြီး Gnome Desktop သုံးသူများတွက်က ဇော်ဂျီဖွန့်သွင်းရတာ ပြသာနာရှိလိမ့်မယ် မထင်ပါဘူး။ သို့ပေမယ့်လည်း zawgyi keyboard package ကိုလွယ်လွယ်ကူကူ download လုပ်ပြီး install လုပ်ချင်သူများအတွက် zawgyi-keyboard-0.1.2.tar.gz package ကို အောက်ကလင့်မှာ သွားရောက် download ယူနိုင်ပါတယ်။
For FreeBSD 7.x , Gnome2
Package: zawgyi-keyboard-0.1.2.tar.gz
http://zawgyi-keyboard.googlecode.com/files/zawgyi-keyboard-0.1.2.tar.gz
ဒီ package ကိုရပြီးလျင် extract လုပ်ပြီး zawgyi folder ထဲကိုဝင်ပြီး install_freebsd.sh ကို run ပေးပါ။
$ su
# tar xzf zawgyi-keyboard-0.1.2.tar.gz
# cd zawgyi
# sh install_freebsd.sh
uninstall လုပ်ချင်ပါက
# sh uninstall_freebsd.sh
Enjoy with FreeBSD Gnome2 and Zawgyi font!























