က်ေနာှက ရုပ်ရှင်ကြိုက်တဲ့သူဖြစ်တာမို့ ရုပ်ရှင်တွေကို အင်တာနက်ကနေ download လုပ်ဖို့အတွက် အလွယ်ကူဆုံးဖြစ်တဲ့နည်းကို ရှာပြီး သုံးနေခဲ့ပါတယ်။ ကျနှောက တစ်ခါတစ်လေ ရုပ်ရှင် ၁၅ ကား အကား ၂၀ လောက်ကို တစ်ခါတည်း download လုပ်တာဆိုတော့ ကြည့်ချင်တဲ့ရုပ်ရှင် rapidshare links တွေကို အရင်စုစည်းပြင်ဆင်ပါတယ်။ လင့်ခ်တွေအာလုံးပါတဲ့ text file တစ်ဖိုင်ကိုပြင်ဆင်ပါတယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာလဲ ကိုယ် download လုပ်ချမယ့် links တွေက အလုပ်လုပ်သေးလား သေနေပြီလားဆိုတာကိုပါ တစ်ခါတည်းစစ်ဆေးကြည့်ရှုပြီးမှ အလုပ်လုပ်တဲ့လင့်ခ်တွေကိုပဲ တစ်ခါတည်း စုစည်းပါတယ်။ အဲလိုလင့်ခ်တွေကို text file နဲ့ပြင်ဆင်ပြီးမှ wget နဲ့ တစ်ခါတည်း ဆွဲချတော့ပါပဲ။ ဘာမှထပ်လုပ်စရာမလိုတော့ပါဘူး။

Requirements:
1) Internet connection
2) Mozilla Firefox
3) Firefox plugins: Greasemonkey, Copy Links
4) Userscript: Rapidshare Links Checker
5) Text Editor: gedit, notepad++ (or whatever)
6) wget
7) Rapidshare Premium account

Environments Setup:
Firefox မှာ အပှောကလိုအပ်တဲ့ plugins တွေ install လုပ်ပါ။ Greasemonkey plugin ကို install လုပ်ပြီးတဲ့အခါ Rapidshare Links Checker userscript ကို install လုပ်ပါ။ ကိုယ့်စက်ထဲမှာ text editor နဲ့ wget ကိုရှိနေမယ်လို့ယူဆပါမယ်။ မရှိရင် install လုပ်ပေးထားမယ်။ နောက်ပြီး ကိုယ့်စက်က Internet နဲ့ချိန်ဆက်ထားတယ်လို့လဲ ယူဆပါတယ်။

Downloading:
$ wget --auth-no-challenge --user=RS_USER_LOGIN --password=RS_PREMIUM_PASSWORD -i rs_links.txt

ဒီနေရာမှာ;
RS_USER_LOGIN ဆိုတာက rapidshare premium user login name ပါ။
RS_PREMIUM_PASSWORD နေရာမှာ rapidshare premium password ကိုအစားသွင်းပေးပါ။
rs_links.txt ဆိုတာက rapidshare links တွေပဲ စုစည်းထားတဲ့ text file ပါ။

Enjoy with it! :-)

ကျနော် movies တွေကို download လုပ်ဖို့ပျင်းနေခဲ့တယ်။ နောက်တော့ rapidshare downloader ကိုရှာမှဖြစ်တော့မယ်ဆိုပြီး google မှာရှာတာ ubuntu အတွက် rapidshare-dl ကိုရှာဖွေတွေ့ရှိခဲ့တယ်။ ကျနော့် ubuntu က hardy ဆိုတော့ ကျနော့် ubuntu distro နဲ့ကိုက်မယ့် repository ကိုသွင်းလိုက်ပါတယ်။
Repository သွင်းမယ်ဆိုရင် ..

$ sudo gedit /etc/apt/sources.list

အဲဒီ sources ဖိုင်ထဲမှာ အောက်ကလိုင်းကို copy ပြီး paste လုပ်ပေးလိုက်ပါ။

deb http://ppa.launchpad.net/zootropo/ubuntu hardy main

ubunut intrepid ကိုအသုံးပြုသူများကတော့ hardy အစား intrepid လို့ပြောင်းပြီး သွင်းပေးလိုက်ရုံပါ။
ပြီးရင် ..

$ sudo apt-get update
$ sudo apt-get install rapidshare-dl

software installed လုပ်ပြီးပြီဆိုတော့ movies တွေ download လုပ်ဖို့ပြင်လို့ရပါပြီ။
ကျနော်ကတော့ Links file ကို အောက်က Fig(1)
ပုံမှာပြထားတဲ့အတိုင်း gedit နဲ့ QoS လို့နာမည်ပေးပြီး rapidshare links တွေကို paste လုပ်ပေးပြီး Desktop ပေါ်မှာ save ပေးလိုက်တယ် (QoS နာမည်အစား ကိုယ်ကြိုက်နှစ်သက်ရာအဆင်ပြေရာ နာမည်ပေးပြီးလုပ်နိုင်ပါတယ်။) ပြီးရင် အောက်က command အတိုင်း run ပေးလိုက်ပါ။

$ cd ~/Desktop
$ rapidshare-dl QoS

ပြီးရင် rapidshare account login name နဲ့ password ကိုမေးလာလိမ့်မယ်။ login name နဲ့ password ကိုထည့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ လင့်ဖိုင်မှာရှိသမျှ rapidshare links တွေအားလုံးကို ပြီးစီးအောင် အလိုအလျောက် download လုပ်ပေးမှာဖြစ်ပါတယ်။ နောက်ထပ် download လုပ်တဲ့အခါ ကိုယ်ပေးထားတဲ့ login name နဲ့ password ဟာ ~/.rapidshare-dl ဖိုင်မှာ မှတ်ထားပေးပြီးသားမို့ အဲဒါတွေကို ထပ်မမေးတော့ပဲ တိုက်ရိုက် download လုပ်ပေးသွားမှာပါ။ ကိုယ့် rapidshare account က expired ဖြစ်သွားခဲ့ရင်လဲ အဲဒီဖိုင်မှာ update လုပ်ပေးပြီး downloads တွေကို ဆက်ပြီးလုပ်နိုင်ပါတယ်။

Fig(1): Links File ကို gedit နဲ့ပြင်ပြီး QoS နာမည်နဲ့ save ထားပုံ

URLs file

URLs file

Fig(2): Terminal ထဲမှာ rapidshare-dl QoS လို့ရိုက်ပြီး QoS ဖိုင်ထဲက Links တွေကို download လုပ်နေတဲ့ပုံ

rapidshare-dl on ubuntu

rapidshare-dl on ubuntu

rapidshare-dl အကြောင်းကို အပြည့်အစုံသိလိုပါက http://mundogeek.net/rapidshare-dl/ မှာ သွားကြည့်နိုင်ပါတယ်။

Follow

Get every new post delivered to your Inbox.