Program တစ်ခုတည်းနဲ့ zawgyi နဲ့ mm3 ကိုကြိုက်နှစ်သက်ရာ သွင်းလို့ရအောင်စိတ်ကူးကြည့်တယ်။ ကျန်တဲ့ padauk ပဲဖြစ်ဖြစ် အခြားဖွန့်ပဲဖြစ်ဖြစ် folder လေးဆောက်ပြီး ဖွန့်ရယ် mm ဖိုင်ရယ်ထည့်ပေးမယ်၊ လိုအပ်တဲ့ modify အနည်းငယ်လုပ်ရုံမျှနဲ့ မြန်မာဖွန့်အားလုံးကိုလဲ အတူတူ install လုပ်နိုင်မယ်ထင်ပါတယ်။ ဒီ Application နာမည်ကို ဘယ်လိုပေးရမလဲ မသိဘူးရယ်။ ခုတော့ ယာယီ Burma-Keyboard လို့တော့ပေးထားတယ်။ ဒီ GUI program ကို Python IDLE IDE သုံးတဲ့ Python Tkinter Library နဲ့ပဲအသုံးပြုထားတာပါ။ စိတ်ထဲမှာ အလွယ်ကူဆုံးထင်လို့ပါ။

Main User Interfaces

Choose a font and confirm

Demo Uninstallation

Demo Installation

Enjoy!

ကျနော် gooey သိပ်မကောင်းပါဘူး၊ ဒါပေမယ့် command lines နဲ့ သိပ်ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ Linux အသုံးပြုသူအသစ်များအတွက် GUI နဲ့ ကီးဘုတ်သွင်းလို့ရအောင် လက်ရှိ command line အသုံးပြု ပိုင်သွန်ပရိုဂရမ်ကို GUI နဲ့ထုတ်ပိုးပြီး ထပ်ထုတ်မယ်လို့ စိတ်ကူးကြည့်ပါတယ်။ လုံးလုံးတော့ command line မလွတ်ပေမယ့် Mouse လေးနဲ့ click ရသေးတယ်ဆိုတော့ ပိုပြီးလွယ်တာပေါ့နော်။
အောက်မှာ screenshots လေးတွေပါ။ :-)

Main Windows

main window and log window

main window and layout help window

အကြံညဏ်ကောင်းတွေလဲ comments မှာပေးသွားနိုင်ပါတယ်။

Enjoy!! :-)

vmware player

May 20, 2009

ကျနော့်ဘလော့မှာ စာမရေးရတာကြာပါပြီ.. ဟိုစာရေးဆရာစကားနဲ့ဆိုရင် ကုန်ကြမ်းတွေမရှာနိုင်ခဲ့ဘူးပေါ့ ;) ခုကျနော် pictures တွေလျှောက်ကြည့်ရင်း မနှစ်က အလုပ်ထဲမှာ Fedora 9 ကို vmware player နဲ့စမ်းတုန်းက shot ထားတဲ့ screenshots လေးတွေကို တွေ့တော့လှတာနဲ့ ဘလော့ပေါ်တင်လိုက်တာပါ..

wmware player

wmware player

Fedora 9 in WMware Player on Windows XP

Fedora 9 in WMware Player on Windows XP

Have a lot of fun! :-)

Follow

Get every new post delivered to your Inbox.