Program တစ်ခုတည်းနဲ့ zawgyi နဲ့ mm3 ကိုကြိုက်နှစ်သက်ရာ သွင်းလို့ရအောင်စိတ်ကူးကြည့်တယ်။ ကျန်တဲ့ padauk ပဲဖြစ်ဖြစ် အခြားဖွန့်ပဲဖြစ်ဖြစ် folder လေးဆောက်ပြီး ဖွန့်ရယ် mm ဖိုင်ရယ်ထည့်ပေးမယ်၊ လိုအပ်တဲ့ modify အနည်းငယ်လုပ်ရုံမျှနဲ့ မြန်မာဖွန့်အားလုံးကိုလဲ အတူတူ install လုပ်နိုင်မယ်ထင်ပါတယ်။ ဒီ Application နာမည်ကို ဘယ်လိုပေးရမလဲ မသိဘူးရယ်။ ခုတော့ ယာယီ Burma-Keyboard လို့တော့ပေးထားတယ်။ ဒီ GUI program ကို Python IDLE IDE သုံးတဲ့ Python Tkinter Library နဲ့ပဲအသုံးပြုထားတာပါ။ စိတ်ထဲမှာ အလွယ်ကူဆုံးထင်လို့ပါ။
Enjoy!
future gui of install scripter for mm3 and zawgyi keyboard [draft]
February 28, 2010
future gooey of mm3 and zawgyi keyboard programs
February 25, 2010
ကျနော် gooey သိပ်မကောင်းပါဘူး၊ ဒါပေမယ့် command lines နဲ့ သိပ်ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ Linux အသုံးပြုသူအသစ်များအတွက် GUI နဲ့ ကီးဘုတ်သွင်းလို့ရအောင် လက်ရှိ command line အသုံးပြု ပိုင်သွန်ပရိုဂရမ်ကို GUI နဲ့ထုတ်ပိုးပြီး ထပ်ထုတ်မယ်လို့ စိတ်ကူးကြည့်ပါတယ်။ လုံးလုံးတော့ command line မလွတ်ပေမယ့် Mouse လေးနဲ့ click ရသေးတယ်ဆိုတော့ ပိုပြီးလွယ်တာပေါ့နော်။
အောက်မှာ screenshots လေးတွေပါ။
အကြံညဏ်ကောင်းတွေလဲ comments မှာပေးသွားနိုင်ပါတယ်။
Enjoy!!
mm3-keyboard v0.1.1 release
December 2, 2009
mm3-keyboard v0.1.1 ကို distribute လုပ်လိုက်ပါတယ်။ TESTING version နဲ့ ဘာမှတော့အများကြီးပြောင်းလဲမှုမရှိပါဘူး။ အမှန်တော့ ဒီ package ဟာ သာမာန်ရိုးရှင်းတဲ့ xkb keyboard နဲ့ font package မျှသာဖြစ်ပါတယ်။ ဘာမှ big deal တွေမပါပါဘူး။ ကျနော့်လို သာမာန် users များအတွက် အလွယ်တကူရနိုင်ရန် အလွယ်တကူအင်စတောလုပ်နိုင်ရန်သာ ရည်ရွယ်ပါတယ်။
for user download
mm3-keyboard-0.1.1.tar.gz
Howto
Install guide
for source code viewer
mm3-keyboard git repo
Hope it’s useful.
Enjoy!
zawgyi-keyboard-0.3.3 release out
November 8, 2009
zawgyi-keyboard-0.3.3 version ကို မနေ့ညက ထုတ်လိုက်ပါတယ်။ ကိုစိုးမင်းရဲ့ လက်ရှိနောက်ဆုံး Zawgyi 2009 version ဖြစ်တဲ့ `Zawgyi-One_v4.25_November_6_2009` ကိုထည့်သွင်းထားပါတယ်။ Keyboard Layout ကလဲ ကိုစေတန်ရဲ့ modified ပေးထားတဲ့ ဇော်ဂျီလက်ကွက်အဟောင်းစတိုင်နဲ့မို့လို့ စာရိုက်သွင်းရာမှာ အရင်ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်။ နောက်ပြီး zawgyi_keyboard.py module မှာလဲ error တစ်ချို့ကို ပြုပြင်ထားပါ။ Package ရဲ့ အပြောင်းအလဲအသေးစိတ်ကိုတော့ အောက်က changelog မှာကြည့်နိုင်ပါတယ်။
changelog
v0.3.3
* upgrade new zawgyi font (Zawgyi-One_v4.25_November_6_2009.ttf) by Soe Min
* mm xkeyboard file modified for zawgyi style by Saturngod
* import zawgyi_keyboard_2009.pdf for keyboard layout
* delete zawgyi_keyboard_unicode5.1_style.png
* delete Zawgyi_Keyboard_Layout_2009_Linux-Unix.pdf
* make to be able to install on all version of FreeBSD and Linux
* add wget_SuggestMessage() in module for while wget not installed
download
zawgyi-keyboard-0.3.3
howto
install guide
project homepage
support
zawgyi-keyboard နဲ့ zawgyi font ကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Enjoy using zawgyi!
Dropbox Linux CLI into your system
September 11, 2009
Dropbox ဟာ တကယ့်ကို ရိုးရှင်းပြီး အလွန်အသုံးဝင်တဲ့ ဖိုင်စင်ခရိုနိက်ဇင်းစနစ်ပရိုဂရမ်တစ်ခုပါ။ သူ့ကိုအသုံးပြုရဖို့အတွက် dropbox user account တစ်ခုတော့ဖွင့်ဖို့လိုအပ်ပါတယ်။ နောက်ပြီးစက်ထဲမှာ install လုပ်သင့်ပါတယ်။ Install မလုပ်ဘူးဆိုရင် အနည်းဆုံး mediafire တို့လို ဖိုင်တွေကို upload လုပ်တင်လို့ရပါတယ်။ ဒါပေမယ့် mediafire ထက်သာတဲ့အချက်ကတော့ ဖိုင်စင်ခရိုနိက်ဇင်းစနစ်ပါပဲ။ ပိုမိုသိဖို့အတွက်ကတော့ ဒီ dropbox wiki ကိုသွားရောက်ဖတ်ရှုနိုင်ပါတယ်။
Install လုပ်တာလဲလွယ်ကူပါတယ်။ Linux အတွက် packages တွေကို ဒီ dropbox downloads လင့်မှာ သွားရောက်ယူနိုင်ပါတယ်။ အဲဒီ စာမျက်နှာမှာပါတင် ဘယ်လို install လုပ်ရမလဲဆိုတာ ရေးထားပေးပါတယ်။
ဒါပေမယ့် နောက်ထပ် တော်တော်ကောင်းမွန်တဲ့ CLI နည်းရှိပါတယ်။ အဲဒါလေးကို ရည်ရွယ်ပြီး ဒီပို့စ်လေးရေးလိုက်တာဖြစ်ပါတယ်။ ဒီနည်းက ဘာမှရှည်ရှည်ဝေးဝေးလုပ်စရာမလိုပဲ command line တစ်ကြောင်းတည်းနဲ့တင် စက်ပေါ်အရောက်တပ်ဆင်ပေးပါတယ်။ အဲဒါကတော့ ဒီ dbcli.py လေးကို download လုပ်လိုက်ပြီး အဲဒီ script လေးနဲ့ အောက်က command line အတိုင်း run ပေးလိုက်ရင် တခါတည်း download & install လုပ်ပေးပါလိမ့်မယ်။ ပိုမိုသိချင်ရင်တော့ ဒီ Dropbox Linux CLI ကိုသွားဖတ်နိုင်ပါတယ်။
$ python dbcli.py install x86
ဒီနေရာမှာ ကိုယ့်စက်က 64 bit system ဆိုရင်…
$ python dbcli.py install x86_64
ပြီးရင် dropbox daemon ကို system startup မှာ run စေဖို့ System >> Preferences >> Sessions ကိုသွားပါ။ Session Preferences window ပော်လာမယ်။ အဲဒီခါကျ Add ကိုနှိပ်ပေးပြီး အောက်က text တွေဖြည့်ပေးပါ။
Name: Dropbox
Command: /home/your-user-name/.dropbox-dist/dropbox
Comment: Dropbox daemon
ပြီးရင် OK ကိုနှိပ်ပေးပါ။ ဒါဆို installation ပြီးပါပြီး။ ဘာမှသိပ်လုပ်ပေးစရာမလိုဘူးနော်
Enjoy it!
zawgyi-keyboard-0.3.2 release out
August 28, 2009
zawgyi-keyboard-0.3.2 ကိုမနေ့ည သန်းခေါင်ယံကျှောမှာထုတ်လိုက်ပါတယ်။ အရင် zawgyi-keyboard-0.3.1 မှာပါတဲ့ zawgyi_keyboard.py နဲ့ online upgrade လုပ်တဲ့အခါ ကိုယ့်စက်က office ဖြစ်သွားတဲ့အခါမျိုးမှာ ဖြစ်ပှေါစေမယ့် errors ကို fixed လုပ်ထားပါတယ်။ နောက်ပြီး လက်ရှိနောက်ဆုံး Zawgyi 2009 version ဖြစ်တဲ့ `Zawgyi-One_v4.20_August_26_2009.ttf` ကိုထည့်သွင်းထားပါတယ်၊ အသေးစိတ် အပြောင်းအလဲကိုတော့ အောက်က changelog မှာကြည့်နိုင်ပါတယ်။
changelog
v0.3.2
* upgrade new zawgyi font (Zawgyi-One_v4.20_August_26_2009.ttf) by Soe Min
* add error exceptions in zawgyi_keyboard.py
* fixed offline causes errors
* add some documentation in module
* add Zawgyi_Keyboard_Layout_2009_Linux-Unix.pdfဿ
download
zawgyi-keyboard-0.3.2.tar.gz
howto
install guide
project homepage
zawgyi-keyboard.googlecode.com
support
please report if you found some bugs or errors. thank you.
enjoy it!
how to upgrade zawgyi font from online
August 26, 2009
မနေ့ညကထုတ်လိုက်တဲ့ zawgyi-keybaord-0.3.1 release မှာ Zawgyi-One_2009_August_25_v4.19.ttf နဲ့အတူ ပူးတွဲပြီးထွက်ပါတယ်။ ဒီနေ့ည ကိုစိုးမင်းက Zawgyi-One_v4.20_August_26_2009.ttf ကိုထုတ်လိုက်တဲ့အတွက်ကြောင့် ကံကောင်းစွာ ဒီ howto ကို အားခြင်းဖော်ပြခွင့်ရပါတယ်။ ဖွန့်အသစ် upgrade လုပ်သူများအနေနဲ့ မိမိ၏စက်မှာ online ဖြစ်မနေပါကလဲ ယခင်ပြခဲ့တဲ့နည်းအတိုင်း `man upgrade` function နဲ့ downloaded font ရဲ့ local saved directory ကို Enter လုပ်ပေးခြင်းအားဖြင့် upgrade လုပ်နိုင်ပါတယ်။ ခုအောက်မှာ screenshots လေးတွေနဲ့ online upgrade function နဲ့ ဘယ်လို font upgrade လုပ်သလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပုံမှန်အတိုင်း ပထမဦးစွာ zawgyi-keybaord-0.3.1.tar.gz ကို extract လုပ်မယ်၊ `zawgyi` ဖိုဒါထဲဝင်မယ်။ ပြီးရင် `zawgyi_keyboard.py` script ကို python နဲ့ run ပေးပြီး program ကိုစရအောင်၊ sudo ဒါမှမဟုတ် su ခံသုံးပေးဖို့လဲ လိုပါမယ်။ ကျနော် ခု နမူနာပြတာက downloaded package က desktop ပော်မှာထားတာပို့ Desktop ထဲဝင်ပြီး စပါမယ်။
$ cd Desktop
$ tar zawgyi-keyboard*.tar.gz
$ cd zawgyi
$ sudo python zawgyi_keyboard.py

extract package & start running zawgyi_kyeboard.py
ဒီနေရာမှာ ကျနော် `i` ကိုရိုက်နှိပ်ပြီး package ကို install လုပ်ပါမယ်၊ လုပ်ရတဲ့အကြောင်းက package ထဲကဖွန့်က v4.19 ရှိသေးတာကို မြင်စေချင်တာရယ်၊ နောက်ပြီး ဒီ zawgyi-keyboard-0.3.1 မှာ kokhy fixed လုပ်ထားပေးတဲ့ mm file အသစ်ပါတာရယ်ကြောင့် install လုပ်ပါတယ်။

press `i` to install package
Installation ပြီးတဲ့အခါမှာ ကျနော် `s` ကိုရိုက်နှိပ်ပြီး show_font function ကို run ပါတယ်၊ ဒီ function က စက်ထဲ installed လုပ်ထားတဲ့ ဇော်ဂျီဖွန့်နဲ့ ခုလက်ရှိနောက်ဆုံးထွက်လာတဲ့ ဇော်ဂျီဖွန့်ကို ယှဉ်တွဲဖော်ပြပေးမှာပါ။ အောက်ကပုံမှာကြည့်ခြင်းအားဖြင့် ကျနော့်စက်ထဲက ဇော်ဂျီဖွန့်က `Zawgyi-One_2009_August_25_v4.19.ttf` ဖြစ်ပြီး လက်ရှိ online မှာနောက်ဆုံး ထွက်နေတာက `Zawgyi-One_v4.20_August_26_2009.ttf` ဆိုတာဖြစ်တဲ့အကြောင်း ဖော်ပြပေးနေပါတယ်။ ပုံထဲမှာ Current installed font ဆိုတာက ကိုယ့်စက်ထဲမှာ သွင်းထားတဲ့ဖွန့်ကိုပြောတာဖြစ်ပြီး Online available latest font ဆိုတာက ကိုယ့်မှာမရှိသေးပဲ အင်တာနက်ပော်မှာ ထွက်ရှိနေပြီဖြစ်တယ်ဆိုတာကို ဆိုလိုပါတယ်။

press `s` to show & compare fonts
ကိုယ့်စက်က Internet connection ရှိနေတယ်ဆိုပါက `o` ကိုရိုက်နှိပ်ပြီး တခါတည်း download ပြီးတော့ upgrade လုပ်နိုင်ပါတယ်။ အောက်ကပုံလေးကိုကြည့်ပါ။

press `o` to upgrade font from Internet
ပြီးတဲ့အခါ show_font function နဲ့ တခါပြန်ပြီး စစ်ဆေးနိုင်ပါတယ်။ ကိုယ့်စက်မှာ တကယ်ပဲ upgrade ဖြစ်သွားလား ဒါမှမဟုတ် နောက်ထပ် latest available font ထွက်ကို စမ်းစစ်နိုင်ပါတယ်။

press `s` to check fonts & `q` to exit program
Have fun with your zawgyi-keyboard package!
zawgyi-keyboard-0.3.1 release out
August 26, 2009
zawgyi-keyboard-0.3.1 release ကို မနေ့ညက ထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ release ကပါတဲ့ features တွေအပြင် အသစ်ထပ်ထည့်ထားတဲ့ functions လေးနှစ်ခုပါပါတယ်။ အဲဒါတွေကတော့ online upgrade() နဲ့ show font() functions တွေပါ။ ဒီ functions နှစ်ခုမှာ show_font() function က ကိုယ့်ရဲ့စက်မှာသွင်းထားတဲ့ ဇော်ဂျီဖွန့်နဲ့ အင်တာနက်မှာ နောက်ဆုံးထွက်ပြီးရယူနိုင်တဲ့ ဖွန့်အသစ်ကို ယှဉ်တွဲဖော်ပြပေးမှာဖြစ်ပြီး online_upgrade() function ကတော့ Internet နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Internet connection ရှိနေတဲ့စက်မှာ တိုက်ရိုက် download လုပ်ပေးပြီး upgrade ပါတခါတည်း လုပ်ပေးမှာဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ဒီ functions တွေကို အမြဲတမ်း run နေဖို့တော့မလိုပေမယ့် လက်ရှိ ဇော်ဂျီဖွန့်အသစ်ဟာ development processes တွေနဲ့အတူ ဆက်လက်ထွက်ရှိနေတာမို့ testing လုပ်နေတဲ့ testers များအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ နောက်ပြီး users များအတွက်လဲ zawgyi keyboard installation ကိုပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
နောက်ပြီး keyboard မှာ BKSL key ကို kokhy က fixed လုပ်ပေးထားပါတယ်။ နောက်မှာ changelog ကိုကြည့်ပြီး ဘာတွေအပြောင်းအလဲလုပ်လိုက်တယ်ဆိုတာ သိနိုင်ပါတယ်။
changelog
* upgrade new zawgyi font (Zawgyi-One_2009_Aug_25_v4.19.ttf) by Soe Min
* add show_font() and online_upgrade() in zawgyi_keyboard.py
* change font_upgrade() to man_upgrade() in zawgyi_keyboard.py
* mm file for ” key fixed by kokhy
download
zawgyi-keyboard-0.3.1.tar.gz
howto
install guide
homepage
enjoy it!
zawgyi-keyboard-0.3.0 release out
August 5, 2009
မနေ့ညက zawgyi-keyboard-0.3.0 release ကိုထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ post မှာပြောခဲ့သလိုပါပဲ features အသစ်လေးတွေပါဝင်တဲ့အတွက် users များအတွက် package install လုပ်ရတာရော remove လုပ်ရတာရော လွယ်ကူစေပါတယ်၊ font upgrade feature ကိုထည့်ထားတဲ့အတွက်လဲ users များအတွက် အဆင်ပြေစေအောင်လို့ပါ။ ကိုစိုးမင်းရဲ့ဇော်ဂျီဖွန့်အသစ်က migration stage တွေနဲ့အတူ ဆက်လက်ထွက်အုံးမှာမို့ ဒီ font update function နဲ့ အသစ်ဆက်ထွက်လာမယ့် font ကို ဆက်ပြီး upgrade လုပ်သွားရုံပါပဲ။
ဒီ zawgyi-keyboard 0.3.0 version မှာ ဇော်ဂျီဖွန့်အသစ်ရဲ့ original unicode style keyboard layout နဲ့ထွက်တာမို့ ပတ်ဆင့်တွေရိုက်ဖို့အတွက် `shift + f` ကိုသုံးပါတယ်၊
downloading package
ဒီ zawgyi-keyboard package ကိုအောက်ကလင့်ကနေ direct ရယူပါ၊
http://zawgyi-keyboard.googlecode.com/files/zawgyi-keyboard-0.3.0.tar.gz
downloaded package က Desktop ပေါ်မှာဆိုရင်
$ cd ~/Desktop
extracting package
package ကို ဖြည်မယ်ဆိုရင်
$ tar xzf zawgyi-keyboard-*.tar.gz
entering into source package directory
package ကိုဖြည်ပြီးတဲ့အခါ ရလာတဲ့ source package folder ထဲဝင်ရအောင်
$ cd zawgyi
running zawgyi_keyboard.py script
package install , uninstall စသည့် functions တွေ run ဖို့အတွက် main program ကို စပြီး run ရအောင်၊ ဒီလို package install, uninstall လုပ်တာက system administration tasks ထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့အတွက်ကြောင့် root permitted ရဖို့ဒါမှမဟုတ် admin permitted ရဖို့လိုတဲ့အတွက် ဒီ python script ကို စစချင်း run စဉ်မှာတင် ကျနော်တို့ sudo ဒါမှမဟုတ် su နဲ့ စပြီး run ရအောင်
$ sudo python zawgyi_keyboard.py
or
$ su
# python zawgyi_keyboard.py
အဲလို Terminal ထဲမှာ type ပြီး Enter ခေါက်လိုက်တဲ့အခါ zawgyi_keyboard python program က စတင်အလုပ်လုပ်ပြီး ဘာ tasks ကိုလုပ်ဆောင်မလဲဆိုတာ မေးပါမယ်။ ဥပမာ ..
[i] install, [r] remove, [u] font update, [h] layout help, [q] exit :
အဂဿငလိပ္အကဿဿခရာ စလံုးအေသး ` i ` ကိုနှိပ်ပေးမယ်ဆိုရင် package ကို install လုပ်ပေးပါမယ်၊
` r ` ကိုနှိပ်တဲ့အခါ package ကို uninstall လုပ်ပေးပါလိမ့်မယ်။
` h ` ကိုနှိပ်ရင် font upgrade လုပ်မယ့် function က run ပြီး ခင်ဗျား upgrade လုပ်ချင်တဲ့ new zawgyi font ရဲ့ နေရာ (directory) ကိုမေးပါလိမ့်မယ်။ အဲလိုမေးတဲ့အခါ အဲဒီဖွန့်ရဲ့ ဖိုဒါလမ်းကြောင်းကို ရိုက်သွင်းပေးရမှာပါ။ ဥပမာ .. new zawgyi font (latest release) က download လုပ်ပြီး desktop ပေါ်မှာထားရင် သူ့ရဲ့ directory path က
`/home/username/Desktop` ဖြစ်မှာပါ ကိုယ့်ရဲ့ system အလိုက် ကိုယ့်ရဲ့ downloaded new font directory path ကို ရိုက်သွင်းပေးရမှာပါ။ အဲလိုရိုက်သွင်းပြီးတဲ့အခါ program က လက်ရှိစက်မှာသွင်းထားတဲ့ဇော်ဂျီဖွန့်နဲ့ ခုခင်ဗျားရိုက်သွင်းပေးလိုက်တဲ့ new downloaded font ကိုယှဉ်တွဲဖော်ပြပေးအုံးမှာဖြစ်ပါတယ်။ အကယ်၍ user က ဆုံးဖြတ်ပြီး ဒီလုပ်ဆောင်ချက်ကို ဆက်ရမှာဖြစ်ပါတယ်။ ဒီ font update function ကလဲ in case မှသုံးရတာပါ၊ ဥပမာ new zawgyi font ကို testing လုပ်နေသူများအတွက် ပိုပြီးသင့်တော်မှာပါ။
ဒီ python script က အရင်က shell scripts တွေအတွက် all in one လဲဖြစ်ပါတယ်။ အရင်ကဆို install လုပ်ဖို့အတွက် install.sh script ကို run ရတာ remove လုပ်ဖို့အတွက် uninstall.sh script ကို run ရတာရယ် နောက်ပြီး FreeBSD Gnome2 အသုံးပြုသူများအတွက်လဲ install_freebsd.sh ကိုသုံးရတာတွေဟာ ခု py script နဲ့ကျ တစ်နေရာတည်း တပြေးညီတည်း တချိန်တည်းမှာ run နိုင်ကြပါပြီ။ ဒီ package ကလဲ users and learners များအတွက် အဓိက ရည်ရွယ် ထုတ်လုပ်လိုက်တာပါ။ ကြိုက်နှစ်သက်မယ်လို့လဲ မျှော်လင့်ပါတယ်။
ဒီ zawgyi_keyboard.py script နဲ့ ပတ်သက်ပြီး errors တွေ bugs တွေ တွေ့ရှိပါက reports, fix, pitches တွေရေးပြီး ကျနော့်ဆီ ပေးပို့ဖြင်း တဖက်တလမ်းက ကူညီကြပါလို့ တောင်းဆိုပါရစေ။
အောက်မှာ screenshots လေးတွေကြည့်ရအောင်…

starting zawgyi_keyboard.py script

installing package by pressing letter ( i )

looking up layout option help by pressing ( h )

trying font update function

System > Preferences > Keyboard

choosing myanmar layout

getting US and Myanmar layouts

choosing keys to change between us and zawgyi keyboard layouts

Applications > System Tools > Zawgyi Keyboard

testing new zawgyi keyboard on gedit
see those screenshots on Picasa
http://picasaweb.google.com/thebox02/ZawgyiKeyboard030TarGzInstallAndHowto?feat=directlink
Project home page
http://code.google.com/p/zawgyi-keyboard/
ကျေးဇူးတင်ပါတယ်..
enjoy with new zawgyi-keyboard-0.3.0 release











