using PuTTY to login Ubuntu via OpenSSH
September 5, 2009
Windows XP ကနေ PuTTY အသုံးပြုပြီး Ubuntu စက်ထဲကို login ဝင်ရတာ လွယ်ကူပါတယ်။ ဒီနေရာမှာ ကျနှော ဗမာလိုလေး အကြမ်းလေးရေးပေးမယ်၊ ပြည့်ပြည့်စုံစုံကိုတော့ အကိုးအကားလင့်မှာကြည့်ပါ။ ပထမဦးစွာ PuTTY Download Page ကနေ putty.exe နှင့် puttygen.exe နှစ်ခုကို Windows XP ပှေါမှာ အရင်ဆုံး download လုပ်ထားနှင့်ပါ။ ပြီးရင် Ubuntu စက်မှာ openssh-server နှင့် openssh-client နှစ်ခုကို install လုပ်ပေးပါ။
$ sudo apt-get install openssh-server openssh-client
ပြီးရင် Terminal မှာပဲ ssh-keygen လို့ရိုက်ပေးပြီး ssh-keys တွေကို ထုတ်ပေးပါ။ passphase ကိုမေးတဲ့အခါ ကိုယ့်ရဲ့ လှို့ဝှက်ကုတ်တစ်ခုခုကိုရိုက်ထည့်ပေးပြီး အဲဒီ password ကိုမှတ်သားထားပါ။ အဲလိုထုတ်ပေးလိုက်တဲ့ id_rsa နဲ့ id_rsa.pub keys တွေဟာ ~/.ssh အောက်မှာရှိနေမှာပါ။ အဲဒီ ကီးတွေကို copy ကူးယူပြီး Windows XP စက်ဆီသို့ယူလာပါ။
$ ssh-keygen
$ cd ~/.ssh
$ ls
အောက်က ဖှောပြပါပုံတွေကတော့ Ubuntu ပှေါမှာ လုပ်ဆောင်ပေးရသမျှပါ။

Installing openssh-server & openssh-client

generating id_rsa keys and list
ကျနှောတို့ အခု Windows ပှေါမှာလုပ်စရာရှိတာတွေလုပ်တော့မှာပါ။ PuTTy က OpenSSH ကထုတ်ပေးလိုက်တဲ့ ကီးတွေကို တိုက်ရိုက်အသုံးပြုလို့ မရပါဘူး။ အဲဒါကြောင့် id_rsa ကီးကို id_rsa.ppk ကီးဖြစ်လာအောင် puttygen.exe အသုံးပြုပြီးတော့ convert လုပ်ပေးရမှာဖြစ်ပါတယ်။ ပထမတုန်းက ကျနှောတို့ download လုပ်ထားပြီးသားဖြစ်တဲ့ puttygen.exe ကို double-click နှိပ်ပေးပြီး ဖွင့်ပါ။

open puttygen.exe and load private key
ပုံထဲမှာမြင်ရတဲ့အတိုင်း File >> Load private key ကိုနှိပ်ပေးပါက ဖိုင်တောင်းခံတဲ့ Dialog Window လေးပှေါလာပါမယ်။ အဲဒီအခါမှာ Ubuntu စက်ဘက်ကနေ ကူးယူလာတဲ့ id_rsa ကိးကို ဖွင့်ပေးပါ။ အဲလိုဖွင့်တာနဲ့ ကိုယ့်ရဲ့ passphase ကိုတောင်းခံပါလိမ့်မယ်။ ကီးထုတ်စဉ်က သွင်းပေးခဲ့တဲ့ password လေးကို ရိုက်သွင်းပေးတဲ့အခါ ကိုယ့်ရဲ့ id_rsa ကီးကပွင့်ပါမှာပါ။ တဆက်တည်း Save private key ဆိုတဲ့ button ကိုနှိပ်ပေးပြီး တစ်နေရာမှာ သိမ်းလိုက်ပါ။ အဲဒါဆိုရင် id_rsa.ppk ကီးအနေနဲ့ saved လိုက်တာတွေ့ရမယ်။

converting private key and save it
putty.exe ကိုဖွင့်ပါ။ PuTTY Configuration Window ပှေါလာပါမယ်။

Connection >> SHH >> Auth
ဘယ်ဘက်မှာမြင်ရတဲ့ Connection >> SSH >> Auth ကိုနှိပ်ရင် အပှေါကပုံအတိုင်းမြင်ရမှာပါ။ အဲဒီမှာ Browse ဆိုတဲ့ button နှိပ်ပါ။ ကိုယ့်ရဲ့ id_rsa.ppk ကီးရှိရာကိုသွားပြီး ဖွင့်ပေးလိုက်တဲ့အခါ အဲဒီကီးမှာ သိမ်းထားတဲ့ ကိုယ့် Ubuntu စက်ရဲ့အချက်အလက်တွေကိုအသုံးပြုပြီး Ubuntu ကို login စလုပ်ပါမယ်။ ကိုယ့်ရဲ့ login name နှင့် password ကိုရိုက်ထည့်ပေးလိုက်ရင် အောက်ကပုံအတိုင်း login ဝင်သွားပါမယ်။

logging into Ubuntu
ပြီးရင် ပုံမှန် Linux ပှေါမှာအလုပ်လုပ်တဲ့အတိုင်း လုပ်နိုင်ပါပြီ။

like working in Terminal on Ubuntu
ပိုပြီးအသေးစိတ်သိချင်ရင်တော့ အကိုးအကား ကိုဖွင့်ဖတ်နိုင်ပါတယ်။
Enjoy it!
twitter from terminal
March 20, 2009
ဒီည ကျနော် twitter home page ကိုသွားတာ ကိုနေယံဦးရဲ့ tweet တစ်ခုမှာ “Twitting from the Linux Command Line” လင့်လေးတွေ့တယ်၊ စမ်းကြည့်တာပေါ့
သူက cURL နဲ့အလုပ် လုပ်တာလေ .. မိုက်တယ် မဆိုးဘူး
မြန်မာလိုတွတ်ကြည့်တယ် .. Terminal ထဲမှာဆိုတော့ မမြင်မစမ်း မှန်းရိုက်ရတာပေါ့ .. အဓိကကတော့ အလုပ်လုပ်ဖို့ပဲနော်
လုပ်နည်းကတော့ အပေါ်ကလင့်မှာပဲကြည့်လိုက်နော် .. ကျေးဇူး ကိုနေယံဦးရေ ..

Twitting from Terminal



