no sound on my debian lenny

ကျနော် ဒီညနေအလုပ်ကပြန်လာပြီး အိမ်ရောက်တော့ ကွန်ပျူတာဖွင့်လိုက်တော့ သတိထားမိတာလေးက Task Bar ပေါ်က speaker လေးမှာ အနီရောင်ကြက်ခြေခက်လေး ထူးထူးခြားခြားတွေ့ရတယ်။ အဲဒါနဲ့ ကျနော် Skype call testing နဲ့ အသံကို စမ်းကြည့်ပါ တယ်။ အလုပ်မလုပ်ဘူး၊ Audio Setting ကိုကြည့်တော့ default setting မဟုတ်ပဲ usb audio device ဘာညာကိကွဆိုပြီးပေါ်နေတယ်၊ ကျနော်က Labtec Webcam Pro မှာတွဲပါ လာတဲ့ usb audio ကိုအရင်ကတည်းကမသုံးဘူးလေ .. အဲလိုပေါ်လာတော့ ကျနော် အရင် driver ကိုပြန်ပြောင်းပြီး စမ်းကြည့်တာပေါ့ .. စမ်းကြည့်တာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကျနော် Podcasts နားထောင်ဖို့ Rhythmbox ကိုဖွင့်တယ်၊ RFA podcasts ကို Play တယ် အသံမကြားရဘူး error တက်လာတယ်။ နောက်ပြီး Radio တွေဖွင့်တော့လဲ error တက်လာတယ်။ MPlayer နဲ့ Movie ဖွင့်ကြည့်တော့လဲ audio error တက်လာတယ်။ ကျနော် တချက်ခေါင်းနပမ်းကြီးသွားတယ်။ စိတ်ကအလွယ်လိုက်ပြီး အသစ်ပြန် Install လုပ်ဖို့ ကြံစည်လိုက်သေးတယ်။ မဖြစ်ဘူးလေလို့ ပြသာနာဖြေရှင်းတဲ့ အချိန်နဲ့ အသစ် install လုပ်တဲ့အချိန်နဲ့က တူတူလောက်လဲနေမှာလို့ ဖြေရှင်းလိုက်တာ ကောင်းချည်ရဲ့ ဆိုပြီး ပြသာနာရဲ့အဖြေကိုရှာတာပေါ့ .. အဲဒီမှာ alsaconf နဲ့ sound module ကို configure ပြန်လုပ်လိုက်တာ အဆင်ပြေပေမယ့်၊ Reboot လုပ်လိုက်ရင် အရင်အတိုင်း error ထပ်ပြန်ပြတယ်။ ကျနော် စိတ်နည်းနည်းပိုပူသွားတယ်။ ဘာဖြစ်ပါလိမ့်ပေါ့ .. ခေါင်းလဲနည်းနည်းနောက်သွားတယ် .. လုပ်နေရင်းတန်းလန်းကို မရတာဆိုတော့ .. စဉ်းစားရင်းနဲ့ နောက်ဆုံးကျတော့ ဖျက်ကနဲ အလင်းတန်းတစ်ခုထိုးကျလာတယ်😛 ဒီ usb audio ကြောင့်လားမသိဘူးပေါ့လို့ ဆိုပြီး Reboot ပြန်လုပ်ပြီး alsaconf ကို မ Run ခင် sound module ကိုခေါ်ကြည့်တယ်၊ မဟုတ်မှလွဲရော ဒီကောင်က ကျနော့် onboard sound driver မတက်ခင်သူက အရင်တက်နေတာကိုး .. အဲဒါနဲ့ သူ့ကိုလဲနေရာပေး လိုက်တော့ အဆင်ပြေသွားတယ်။🙂

ဖြေရှင်းလိုက်ပုံက ပထမဆုံးစက်ကို reboot လုပ်လိုက်တယ်။ ပြီးတော့ ဘာ sound module တက်နေတယ်ဆိုတာ စစ်ဆေးတယ် ..

box02@dhcppc0:~$ su
Password:
dhcppc0:/home/box02# cat /proc/asound/modules
0 snd_usb_audio


dhcppc0:/home/box02#

ဒီလိုပြနေတော့ usb audio ကအရင်တက်နေတာတွေ့ရတယ် .. အမှန်တကယ်ဆိုရင် ကိုယ့်ဆီမှာအလုပ်လုပ်နေတဲ့ onboard audio card က အရင်တက်နှင့်ရမှာ .. ဒီနေရာမှာ ကိုယ့် onboard audio card က အလုပ်လုပ်တယ်လို့ပြောနိုင်တာဟာ alsaconf ကြောင့် ပါပဲ .. ကျနော် alsaconf ကို run ပြီးတဲ့အချိန်မှာ အသံတွေပြန်ထွက်လာတယ်။ အဲဒီတော့ alsa က ကိုယ့်ရဲ့ ဘာ sound card ကိုအလုပ်လုပ်စေနိုင်လဲဆိုတာ သိတယ်လေ .. alsaconf ကို run ပြီးတဲ့ အချိန်မှာ sound module ကိုပြန် check ကြည့်တဲ့အခါ ..

dhcppc0:/home/box02# cat /proc/asound/modules
0 snd_intel8x0

ဒီလိုပေါ်နေတာမို့လို့ ကျနော့် onboard sound card “snd_intel8x0” အလုပ်လုပ်တယ် ဆိုတာပြောနိုင်တာပေါ့နော် .. ဒါပေမယ့် ကျနော်ပြောခဲ့တဲ့အတိုင်း reboot ပြန်လုပ်လိုက်တဲ့အခါ usb_audio က အရင်ပြန်တက်လာတာမို့ reboot လုပ်လိုက်တိုင်း alsaconf ကို run ပေးနေရမယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူးလေ .. အဲဒါကြောင့် ဒီပြသာနာကို ဖြေရှင်းတဲ့နည်းက usb_audio sound အတွက်နေရာလေးပေးဖို့ပါပဲ .. လုပ်လိုက်တာကတော့

$ su


# gedit /etc/modprobe.d/sound

ကိုဖွင့်ပြီး အောက်က တစ်လိုင်းကို ထပ်ထည့်ပေးလိုက်တာပါပဲ ..

options snd_usb_audio index=1

အဲဒါလေးမထည့်ပေးပဲ ပုံမှန် အတိုင်းဆိုရင် ကျနော့် sound file မှာ default အနေနဲ့

alias snd-card-0 snd-intel8x0
options snd-intel8x0 index=0

အဲလိုလေးပဲရှိနေမှာပါ။ အဲဒါကြောင့် ဟိုတစ်ကြောင်းကိုထည့်ပေါင်းပေးလိုက်တော့   /etc/modprobe.d/sound ဖိုင်မှာ ဒီအောက်ကလိုလေးဖြစ်သွားတာပါ။

alias snd-card-0 snd-intel8x0
options snd-intel8x0 index=0
options snd_usb_audio index=1

ဖိုင်ကို သိမ်းပြီးတော့ ကျနော် reboot ပြန်လုပ်ပေးလိုက်တာ အားလုံးကို အဆင်ပြေသွား တာပါပဲခင်ဗျား .. အဲဒါကြောင်း ပြသာနာဆိုရှောင်မပြေးပဲ နဖူးတွေ့ဒူးတွေ့ဝင်ဖြေ ရှင်းတာကောင်းတယ်လို့ ပညာရပါကြောင်းပါ ခင်ဗျား …🙂

အောက်မှာ alsaconf ကို terminal ကနေ run တဲ့ပုံပါ ..

alsaconf

alsaconf

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s