compile && execute in gedit

Source code တွေကို vim မှာရေးပြီး Terminal မှာပဲ တခါတည်း compile & execute လုပ်တာက GUI အားသန်သူများအတွက် မကိုက်လှပါဘူး။ စတင်သူများက gedit နဲ့လုပ်ချင်မှာပဲလေ၊ လွယ်လဲ လွယ်ကူပါတယ်။ gedit ဟာ တကယ့်ကို powerful text editor ဖြစ်တဲ့အပြင် သူ့ရဲ့ plugin တွေသုံးပြီး simple program လေးတွေကိုပါ လေ့လာလို့ရတဲ့ powerful tool တစ်ခုဖြစ်ပါတယ်။ ဥပမာ C++ ကိုစတင်လေ့လာလိုသူများအတွက် gedit ကိုသုံးပြီး C++ source file ကို ဘယ်လို compile လုပ်ပြီး execute လုပ်တယ်ဆိုတာ တင်ပြပေးမှာပါ။
အရင်ဦးဆုံး gedit plugin ဖြစ်တဲ့ External Tools ကို Activate လုပ်ရအောင် ..
gedit ကိုဖွင့်ပါ .. Edit > Preferences ကို သွားပါ .. gedit Preferences Window လေးပေါ်လာ မယ် .. Plugins Tab ကို ဆက်သွားမယ် .. အဲဒီမှာ External Tools plugin ကို check box မှာ mark လုပ်ပေးပြီး Activate လုပ်ပေးပါ [see:fig-1] ..

Figure 1

Figure 1

ပြီးရင် gedit > Tools > External Tools ကိုဖွင့်ပါ .. External Tools Manager Window [see:fig.3] လေးပေါ်လာမယ် .. အဲဒီမှာ Tools အသစ်နှစ်ခုကို New buttom လေးသုံးပြီးတော့ ထည့်ပေးရအောင် .. ပထမတစ်ခုကို “Compile C++” နှင့် နောက်တစ်ခုကိုကျတော့ “Run C++” လို့နာမည်ပေးရအောင် .. ဒါပေမယ့် အဆင်ပြေသလို နာမည်ပေးနိုင်ပါတယ် .. အဓိကကတော့ ကိုယ်သိဖို့ပါပဲ [see:fig-2] ..

Figure 2

Figure 2

Compile C++ အတွက်ဖြည့်ရမယ့် ဟာတွေကတော့ ..
Description: Compile C++ by using g++
Accelerator: F5
Command(s): g++ $GEDIT_CURRENT_DOCUMENT_NAME -o ${GEDIT_CURRENT_DOCUMENT_NAME%.*}
Input: Nothing
Output: Insert in output panel
Applicability: All documents

Run C++ အတွက်ဖြည့်ရမှာကတော့ ..
Description: Run C++
Accelerator: F6
Command(s): ./${GEDIT_CURRENT_DOCUMENT_NAME%.*}
Input: Nothing
Output: Insert in output panel
Applicability: All documents

အဲလိုဖြည့်ပေးလိုက်တဲ့အတွက် gedit မှာ C++ source code ကို view ကြည့်ရာကနေ F5 နှိပ်ပေးလိုက်ရင် g++ က အဲဒီ source file ကို compile လုပ်ပေးပြီး F6 ကို နှိပ်လိုက်ရင် shell က execute လုပ်ပေးပါလိမ့်မယ်။ ဒါမှမဟုတ်လဲ gedit > Tools ကိုသွားပြီး dropdown menu ကနေ Compile C++ နဲ့ Run C++ တို့ကို သုံးနိုင်ပါတယ်။

Compiling C++ souce file

Figure 3

Figure 3

Executing C++ program

Figure 4

Figure 4

အကယ်၍ Terminal ထဲမှာပဲ compile && execute လုပ်ချင်လျင်တော့ ..

$ g++ -o Sample Sample.cpp

$ ./Sample

Sample ဆိုတာက compile လုပ်ပြီးရလာမယ့် output file (program) ပါ၊ Sample.cpp ကတော့ input file (c++ source file) ပါ။ စတင်မယ့်သူများ အစပြုနိုင်ပြီလို့ မျှော်လင့်ပါတယ် ..🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s