Mount external usb hdd with rw on FreeBSD

FreeBSD-8 ပော်မှာ ကိုယ့်ရဲ့ external usb hdd ကို read/write access ရအောင် mount တာလေးပါ။ Linux မှာ usb hdd ကို plug လုပ်လိုက်တာနဲ့ auto mount ပေးပေမယ့် FreeBSD မှာ ပုံမှန်အားဖြင့် default အနေနဲ့ manually mount ပေးရပါတယ်။ ဆိုင်ကနေ external usb hdd ကိုဝယ်လာရင် ကိုယ့်ရဲ့ Windows Machine မှာဆိုရင် properties နဲ့ စစ်ကြည့်ပါ fat32 filesystem ဖြင့်များသောအားဖြင့်လာတက်ပါတယ်။ Linux မှာဆိုရင် fdisk -l နဲ့ စစ်ကြည့်ပါ။ တချို့ external usb hdd ကျပြန်တော့ ntfs file system နဲ့လာတက်ပါတယ်။ ကိုယ့်အနေ့နဲ့ ကြိုက်နှစ်သက်ရာ file system ကိုပြန်ပြောင်းနိုင်ပါတယ်။ ခုကျနော် mount မှာက fat32 နဲ့ ntfs file system နှစ်မျိုးကိုပါ။ ကျန်တဲ့ဖိုင်စနစ်ကိုလဲ ဒီက နမူနာယူပြီးလိုအပ်တဲ့ options ပေးပြီး mount နိုင်ပါတယ်။
ကျနော်တို့ fat32 ကို အရင် mount ကြည့်ရအောင် ..

For 1, 2, 4, 8, 16 GB usb flash disks

# mount -a -t msdosfs /dev/da0s1 /mnt

/dev/da0s1 ဆိုတာက ကိုယ့်ရဲ့ usb stick device ပါ။
/mnt ဆိုတာက mount point ပါ။ mount point ကို ကြိုက်တဲ့ folder ထားနိုင်ပါတယ်။ ဥပမာ ကျနော့်မှာ Gnome ကိုသုံးတယ်ဆိုတော့ mount point ကို /media/ အောက်မှာလုပ်ထားတယ်။ ဥပမာ

# mkdir -p /media/usb
# chmod 777 /media/usb
# mount -a -t msdosfs /devda0s1 /media/usb

အဲဒါဆို Gnome Desktop ပော်မှာ nautilus file manager က အဲဒီ usb ကို auto ဖွင့်ပေးမှာပါ။ ကိုယ့် mount point က /media/ အောက်မှာ မရှိဘူးဆိုရင် တခြားနေရာမှာရှိမယ်ဆိုရင် ဥပမာ /mnt/usb လိုအောက်မှာရှိမယ်ဆိုရင် အဲဒီ folder ကို manually ဖွင့်ပြီးတော့ access လုပ်နိုင်ပါတယ်။ အကယ်လို့ ကိုယ့် usb hdd က GB ပမာဏ ကြီးနေမယ်ဆိုရင် mount options လေးထည့်ပေးပါ။ ဥပမာ 80 GB နဲ့ အထက် ( 120, 160, 320, 500, etc .. ) usb hdd တွေအတွက် …

# mount -o large -t msdosfs /dev/da0s1 /media/usb

အကယ်၍ ကိုယ့် external usb hdd က ntfs file system ဖြစ်ခဲ့မယ်ဆိုရင် ntfs-3g နဲ့ mount ပေးရပါမယ်။ ntfs-3g သုံးနိုင်အောင် လိုအပ်တဲ့ဟာလေးတွေ လုပ်ပေးရအောင် အောက်ကလို conf ဖိုင်တွေထဲမှာ configuration တွေလုပ်ပေးပါ။

Add fuse_load=”YES” to /boot/loader.conf

# echo 'fuse_load="YES"' >> /boot/loader.conf

Add fusefs_enable=”YES” to /etc/rc.conf
# echo 'fusefs_enable="YES"' >> /etc/rc.conf

Install sysutils/fusefs-ntfs port
# cd /usr/ports/sysutils/fusefs-ntfs
# make install clean

ဒါဆိုရင် installation နဲ့ configuration ပြီးလောက်ပြီး၊ စက်ကို reboot လုပ်ရအောင် …

# shutdown -r now

ဒါမှမဟုတ်

# reboot

စက်ပြန်တက်လာပြီးရင် ကျနော်တို့ ntfs file system ကို mount ကြည့်လို့ရပါပြီ။

# ntfs-3g /dev/da0s1 /media/usb

ဒါဆိုရင် ကျနော်တို့ရဲ့ usb hdd တွေကို ပုံမှန် user တစ်ယောက်အနေနဲ့ read/write အသုံးပြုလို့ရပါပြီ။

အကယ်၍ unmount လုပ်ချင်တဲ့အခါ ..

# umount /media/usb

References:
Disk Organization
Mounting and Unmounting File Systems

Enjoy!

2 thoughts on “Mount external usb hdd with rw on FreeBSD

  1. ကိုဘောက်စ် ၊ FreeBSD မှာ fuse က kernel native အနေနဲ့ပါလာတာလား သပ်သပ်သွင်းရသေးလားဗျ ?

  2. fuse kernel က native ပဲ ကိုdiv .. ဒါပေမယ့် ntfs-3g ကတော့ sysutils/fusefs-ntfs port မှာပါတယ်ဆိုပေမယ့် native တော့မဟုတ်ဘူးထင်တယ်။ ဒါပေမယ့် FreeBSD မှာ native mount_ntfs ရှိတယ် အဲဒါက read access ပဲရသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s