How to install zawgyi font on PC-BSD

Distribution: PC-BSD
PC-BSD Version: 7.1.1
Desktop: K Desktop Environment (KDE)
KDE Version: 4.2.4

PC-BSD မှာ ဇော်ဂျီဖွန့် install လုပ်ဖူးသူရှိပါသလား? PC-BSD က KDE desktop environment ကိုသုံးပြီး FreeBSD base system ဆိုတော့ Linux နဲ့တော့ သိပ်ပြီး အရမ်းကိုကွာခြားမှုတော့ မရှိပါဘူး၊ သိပ်ပြီး ကွဲပြားခြားနားမှုမရှိပေမယ့် တကယ်တော့ system ချင်းက တခြားစီပါပဲ။ Linux အတွက် zawgyi keyboard packages တွေအလွယ်တွေရနေပြီးဖြစ်သော်လည်း PC-BSD အတွက် မရှိသေးဘူးထင်ပါတယ်။

ဇော်ဂျီဖွန့်ကို သွင်းဖို့အတွက် စရအောင်..

Applications Launcher (Start Menu နဲ့တူတူပါပဲ) ကိုသွားပြီး Applications > System > System Settings ကိုဖွင့်ပါ။ ဒီနေရာမှာ Administration Tasks တွေလုပ်ဆောင်ဖို့အတွက် root password ကိုတောင်းခံပါမယ်.. ထည့်သွင်းပေးလိုက်ပါ။ System Settings Window ကြီးပွင့်လာမယ်။ အဲဒီမှာ General နဲ့ Advanced ဆိုပြီး Tabs နှစ်ခုထဲက General Tab မှာ Computer Adminstration Category အောက်က Font Installer ကို Double Click နှိပ်ပေးပါ။ Font Installer Window ပွင့်လာပါမယ်။ အဲဒီခါကျရင် Add button ကိုနှိပ်ပြီး ဇော်ဂျီဖွန့်သိမ်းထားရာ Folder ကို browse လုပ်ပြီး ရွေးယူ install လုပ်ပါ။ အောက်က ပုံတွေကိုကြည့်ပါ။

Picture 1

Picture 1

Picture 2

Picture 2

Picture 3

Picture 3

Picture 4

Picture 4

Picture 5

Picture 5

Picture 6

Picture 6

ပြီးရင် ဇော်ဂျီကီးဘုတ်ကို သွင်းရအောင် Applications Launcher > Applications > System > Terminal ကိုဖွင့်ပါ။ ပြီးရင် အောက်က command line နဲ့ ဇော်ဂျီ xkeybaord symbol ကိုသွင်းပါ။

% su
# cp mm /usr/X11R6/share/X11/xkb/symbols

ဒီအဆင့်ပြီးရင်တော့ Keyboard Layout Setting ကိုသွားပြီး Myanmar Keyboard Layout ကို ထည့်ရပါမယ်။ စောစောက ကျနော်တို့ဖွင့်ခဲ့တဲ့ System Settings Window မှာ General Tab မှာပဲ Personal Category အောက်က Regional & Language ကို Double Click နှိပ်ပြီး ဖွင့်ပါ။ Regional & Language Window ပေါ်လာတဲ့အခါ လက်ဝဲဘက်မှာရှိတဲ့ Keyboard Layout Tab ကိုသွားပါ။ အဲဒီမှာ လက်ယာဘက်မှာရှိတဲ့ Keyboard Layout Dialog Window ထဲက Layout Tab မှာ Enable Keyboard Layouts option box လေးကို check လုပ်ပေးပါ။ အဲလို enable လုပ်ပေးလိုက်ရင် အောက်က နိုင်ငံအလိုက် Keyboard Layouts တွေ available ဖြစ်လာပါတယ်၊ အဲဒီ List box ထဲမှာ Myanmar ကိုရွေးပြီး အပေါ်နားမှာရှိတဲ့ right arrow လေးကိုနှိပ်ပေးပြီး ညာဘက် Active Layouts box လေးထဲရောက်လာအောင် ပို့လိုက်ပါ။ ပြီးရင် Keyboard Layout Switching နဲ့ Third Level Keys တို့အတွက် လက်ရှိ Layout Tab ကနေ Advanced Tab ကိုသွားပါ။ အဲဒီထဲမှာ xkb options box ထဲက Key(s) to change layout က Layout Switching အတွက်ဖြစ်ပြီး Key to choose 3rd level က 3rd level key change ဖို့အတွက်ဖြစ်ပါတယ်။ ဒီနေရာမှာ အသုံးပြုသူဆန္ဒအလျှောက် options တွေကို ထားနိုင်ပါတယ်။

Picture 7

Picture 7

Keyboard Layouts

Keyboard Layouts

xkb options

xkb options

အဲဒါဆိုရင် ဇော်ဂျီဖွန့်ကို မြင်နိုင်ဖတ်နိုင်ပြီး ပုံမှန်အတိုင်း အခြား Linux တို့ Windows တို့မှာလို စာရိုက်နိုင်ပါပြီ။

အကယ်လို့ Firefox မှာ ဇော်ဂျီဖွန့် မမြင်ရပါက အောက်က command lines နဲ့ zawgyi font ကိုထပ်သွင်းပေးပါ..

% su
# cp ZawgyiOne20080210.ttf ~/.fonts
# fc-cache

ပြီးရင် firefox browser ကို restart လုပ်ပေးပါက ပုံမှန်အတိုင်း ဇော်ဂျီဖွန့်နဲ့ ဖတ်လို့ရေးလို့ရပါပြီ။

အကယ်လို့ OpenOffice မှာ ဇော်ဂျီဖွန့်ပြောင်းလို့မရသေးပါက အောက်က command line နဲ့ zawgyi font ကိုထပ်သွင်းပေးပါ..

# cp ZawgyiOne20080210.ttf /Programs/OpenOffice3.1.0_1/openoffice.org-3.1.0/openoffice.org/basis3.1/share/fonts/truetype

ဒါပါပဲ!
Enjoy it!! 🙂